1110

308 41 0
                                    

Chapter 1110: သောက်တလွဲတွေ

ဗွက်အိုင်၏ ထောင့်နားတစ်နောရာ၌ ပင်ပန်းနွမ်းနယ်နေသော သိုင်းသမားဆယ်ယောက်ခန့် ခပ်ကျဲကျဲ မတ်တပ်ရပ်နေကြသည်။ သူတို့အားလုံး ရှီယန်ပေါ် အာရုံစိုက်ထားကြ၏။

မော့ဖူ၏ အေးစက်စက်မျက်လုံးထဲ၌ ရုတ်တရက် အလင်းတန်းတစ်ချက် လင်းလက်လာသည်။ "မင်းက ပတ်ဝန်းကျင်ကို စောင့်ကြည့်အာရုံခံနိုင်တယ်ဆိုရင် မီအာနဲ့ ဖိလစ်တို့နဲ့ တိုက်ခိုက်တဲ့အချိန်ကျ ငါတို့ အသာစီးရနိုင်မယ်လို့ ငါ ထင်တယ်"

ရှန်းယင်းယွီသည် ရှီယန်၏ တန်ဖိုးကို အနားလည်ဆုံးသူဖြစ်သည်။ မည်သည့်နေရာကမှန်းမသိ သူ ထွက်ပေါ်လာသည်ကို တွေ့သောအခါ စိတ်သက်သာစွာနဲ့ သူမ အသက်ရှူထုတ်လိုက်သည်။

အခုနောက်ပိုင်း မီအာ၊ဖိလစ်နှင့် ပိုင်မိသားစုတို့ထံမှ ဖိအားအများအပြားကို သူတို့ ခံစားခဲ့ကြရသည်။ သူတို့တွေ အကြောက်တရားနဲ့ ရှင်သန်နေထိုင်ခဲ့ကြရသည်။ ရက်အနည်းငယ်ကြာပြီးနောက် သူတို့သည် မကောင်းသည့်သတင်းများကို ကြားရပြီး သူတို့သူငယ်ချင်းများကို ဆုံးရှုံးခဲ့ကြရသည်။

ရှန်းယင်းယွီသည် ရှီယန်ကို ရှာရန် တောင်းဆိုခဲ့ဖူးသည်။

တခြားသူများကို ကူညီပေးရန် ရှီယန်၏ အာရုံခံနိုင်မှုကို အသုံးပြုပြီး ဘေးအန္တရာယ်မှ သူတို့ကို ကယ်ထုတ်ပေးချင်ခဲ့သည်။ ရှီယန်၏ တန်ဖိုးကို သူမထက် ဘယ်သူကမှ နားလည်မှာမဟုတ်ပါ။

ငါးနှစ်ကြာသွားသော်လည်း ရှန်းယင်းယွီက ရှီယန်ကို ရှာမတွေ့သည်မှာ အလွန်ဆိုးရွားသည်။ မီအာတို့အဖွဲ့က သူ့ကို သတ်လိုက်ကြပြီဟုပင် သူမ စဉ်းစားခဲ့သည်။ ယနေ့ ကြိုးစားရုန်းကန်ရသည့် အခြေအနေ၌ သူမ ရောက်နေစဉ် ရှီယန် ပေါ်လာခဲ့သည်။ ၎င်းက သူမ၏ ယုံကြည်မှုကို မြင့်တက်သွားစေသည်။

"ငါတော့ သူ့ကို မယုံဘူး"

ရှကျောက်သည် ခေတ္တခဏစဉ်းစားပြီးမှ မည်းနက်နေသည့် မျက်နှာထားနဲ့ ရှီယန်ကို အကဲခတ်ရင်း အေးစက်စက်အသံနှင့် ပြောလိုက်သည်။ "တကယ်လို့ သူ့ဝိဥာဉ်အသိက စွမ်းအင်ကို အာရုံခံနိုင်တယ်ဆိုရင် လွန်ခဲ့တဲ့ငါးနှစ်က သူ့လက်ကနေ ငါ လွတ်နိုင်ခဲ့မှာ မဟုတ်ဘူး။ ငါ သူ့ကို မယုံဘူး။ တကယ်လို့ သူ့ရဲ့ တွက်ဆချက်အမှားက ငါတို့ကို သေစေနိုင်တဲ့လမ်းမှာ ခေါ်သွားမယ်ဆိုရင် ဘယ်သူက တာဝန်ယူပေးနိုင်မလဲ" သူက ရှန်းယင်းယွီကို အေးစက်စက်လှမ်းကြည့်ပြီးမှ ရှီယန်ကို ပြန်ကြည့်လိုက်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now