Chapter 1125: အပြောင်းလဲမြန်သူများ
“မဖြစ်ဘူး”
“မရဘူး”
“မရဘူး”
သူ စွန့်စားမည့်အကြောင်းပြောသည်ကို စီစီလျာ ၊ မော့ဖူ နဲ့ ဝူဖန်းတို့က ကြားသောအခါ သူတို့အားလုံး သွေးဆုတ်သွားကြပြီး အထူးတဆန်း ပြိုင်တူ တားမြစ်လိုက်ကြသည်။
ရှီယန် မျက်မှောင်ကြုတ်လိုက်သည်။
တစ်စုံတစ်ခု ထူးဆန်းနေသည်ကို အကုန်လုံး သတိထားမိကြသည်။ အားလုံးက ရှန်းယင်းယွီကို ကြည့်လိုက်ကြပြီး သူမ၏ ရှင်းပြချက်ကို စောင့်နေကြသည်။
တခြားသူများ၏ စိုက်ကြည့်မှုအောက်၌ ရှန်းယင်းယွီသည် အေးစက်စက်နဲ့ စိတ်မပါစွာ ပုံမှန်အတိုင်း ပြောလိုက်သည်။ “တကယ်လို့ နင် တစ်ခုခုဖြစ်သွားခဲ့ရင် ငါတို့မှာ မျက်လုံးရှိတော့မှာ မဟုတ်ဘူး။ အဲ့လိုဆို နောက်ပိုင်း ဒီဗွက်အိုင်ပိုင်နက်မှာ ငါတို့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် နင်ကလွဲပြီး တခြားသူတွေအားလုံးက စွန့်စားလို့ရတယ်။ နင် မတော်တဆ တစ်ခုခုဖြစ်သွားမှာကို ငါတို့ ခွင့်မပြုနိုင်ဘူး”
အကုန်လုံးက ခေါင်းညိတ်ပြီး သူ့ကို ဖျောင်းဖျအကြံပေးလိုက်ကြသည်။
“စီစီလျာမှာ အကြံကောင်းတစ်ခုရှိတယ်။ မတော်တဆ တစ်ခုခုမဖြစ်ရင် ငါတို့ ထွက်သွားတာနဲ့ တခြားသူတွေက ငါတို့ကို လိုက်ဖမ်းဖို့ အဲ့ဒီနေရာကို ဖြတ်သွားကြမှာပဲ”
ရှီယန်က ခဏတာစဉ်းစားချင့်ချိန်လိုက်သည်။
“မီအာတို့အဖွဲ့က ငါတို့နဲ့ အနီးဆုံးပဲ။ ငါတို့ လမ်းကြောင်းကို ခဏလောက် ပြောင်းဖို့ပဲ လိုအပ်တယ်။ အဲ့ဒါဆို ငါတို့ နောက်ကို လိုက်ဖမ်းဖို့ သူ့ရဲ့ အင်အားစုတွေကို သေချာပေါက် ခေါ်လာမှာပဲ။ ပြီးတော့ အဲ့လိုလုပ်ဖို့ဆိုရင် သူက ဒီနေရာကို ဖြတ်သွားရလိမ့်မယ်”ရှီယန်က မြေပြင်တစ်နေရာကို ကြက်ခြေခတ်ပြရင်း လေးနက်စွာပြောသည်။
“မမျှော်လင့်ထားတာတွေက အချိန်တိုင်းဖြစ်ပျက်နေတာပါပဲ။ မီအာက ဒီလမ်းကြောင်းကနေ မလာရင်ရော။ သူက ဒီနေရာကို မဖြတ်ရင်ရော ဘယ်လိုလုပ်မလဲ၊ တကယ်လို့ သူက ဒီလမ်းကနေ မသွားရင် ဒီမှာ ထောင်ထားခဲ့တဲ့ ငါတို့ရဲ့ စွမ်းအင်တွေနဲ့ ကိရိယာတွေကို ဒီတိုင်း ဖြုန်းတီးလိုက်မှာလား။ တကယ်လို့ ငါတို့ရဲ့ ပထမဆုံး လှုပ်ရှားမှုက တဖက်သားကို မလျှော့ချနိုင်ရင် ငါတို့ရဲ့ နောက်ထပ်ခြေလှမ်းက အများကြီး ပိုခက်သွားလိမ့်မယ်”