1032

341 50 1
                                    

Chapter 1032: နောက်တစ်ကြိမ် သွေးဒိုင်းကာကြီး

တိုက်ပွဲသည် အရက်စက်ဆုံးပုံစံသို့ ချက်ခြင်းပြောင်းလည်းသွားသည်။ လိုဏ်ခေါင်းကျဉ်းထဲတွင် ဆေးနှင့်ကိရိယာစံအိမ်နှင့် တစ္ဆေအမှတ်အသားကလန်မှ စစ်သည်တော်များ စွမ်းအင်ပုံစံအမျိုးမျိုးအကြား လုံးထွေးယှက်လိမ်ကာ ခုတ်ထစ်သတ်ဖြတ်ကြသည်။
ခြေပြတ်လက်ပြတ်များ အသားတုံးများ သွေးအလိမ်းလိမ်း လွင့်စင်ကုန်သည်။

လျှပ်စီးများ၊ မီးလျှံများ၊ လေပြင်းများ၊ ရေနှင့် ရေခဲများသည် စွမ်းအင်လှိုင်းလုံးများအကြား ထိခတ်ပေါက်ကွဲကြသည်။
စစ်ပွဲ၏ စစ်မှန်သော အလှတရားသည် လူအများစုကိုတော့ အရိုးထဲထိ ကြောက်ရွံ့သွားစေပေလိမ့်မည်။

ရှီယန် တိတ်ဆိတ်စွာပင် ကောင်းကင်ကိုမော့ကြည့်နေသည်။ သူ့မျက်နှာက မူမမှန်စွာ အနီရောင်သမ်းနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ မွှေးညှင်းပေါက်များ ပွင့်ကာ တစ်ချက်တစ်ချက် ဆတ်ကနဲ တုန်ခါသွားသည်။

ထိုမျှအချိန်တိုအတွင်း သိုင်းသမားနှစ်ဆယ်ကျော် သေဆုံးသွားပြီဖြစ်သည်။ သူတို့၏ ကီအနှစ်သာရများက ရေသွန်သလို ရှီယန်၏ သွေးကြောဆုံမှတ်များသို့ စီး၀င်လာသည်။

ယခုအချိန်တွင် သူ့ သွေးကြောဆုံမှတ်များအားလုံး ဖူးယောင်လာပြီဖြစ်သည်။ စွမ်းအင်သန့်စင်မှုများ စတင်လုပ်ဆောင်လာချိန်တွင် မှော်ဆန်သော ခံစားချက်တစ်မျိုးဖြင့် ရှီယန် မိန်းမူးနေသည်။

သွေးနှင့်ကိရိယာစံအိမ်နှင့် တစ္ဆေအမှတ်အသားကလန်၏ တိုက်ပွဲသည် ရှီယန်အတွက်တော့ သွေးလူးသော စားသောက်ပွဲကြီးလိုပင်။
သူ့ အသိစိတ်ပင်လယ်က ထိုမြင်ကွင်းကို လှပသည်ဟု ဘာသာပြန်ဆိုသည်။

ရုတ်တရက် သူ့ဝိညာဉ်ယဇ်ပလ္လင် လှုပ်ခတ်လာပြီးနောက် သေခြင်းစွမ်းအင်အသိက ထိန်းမနိုင်သိမ်းမရ ပျံ့နှံ့သွားသည်။

သူ့မျက်လုံး သူငယ်အိမ်က ကျယ်ပြန့်လာပြီး စိန်ပွင့်များနှယ် တလက်လက်တောက်ပလာသည်။

ထို ဆေးနှင့်ကိရိယာစံအိမ်နှင့် တစ္ဆေအမှတ်အသားကလန် သိုင်းသမားများ၏ အသက်ဓါတ်သံလိုက်စက်ကွင်းများကို သူမြင်နိုင်လာသည်။ မည်မျှ ရှင်းရှင်းလင်းလင်း မြင်ရသနည်းဆိုလျှင် သူက ထိုသူတို့၏ ဦးခေါင်းခွံကိုပင် ဖြတ်ကာ သူတို့၏ ဝိညာဉ်ယဇ်ပလ္လင်များမှ အသက်ဓါတ်စွမ်းအင်အခြေခံများအထိ မြင်နေရသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Место, где живут истории. Откройте их для себя