Chapter 1007: ခေါင်းမာကြသူများ
လှပသော ရိုက်ချက်များ မရှိ၊ စွမ်းအင်အသိပြောင်းလဲမှု မရှိဘဲ လျှပ်စီးလှံတံသည် ကောင်းကင်ရေခဲတောင်ကို အဆက်မပြတ် ထိုးစိုက်ချနေသည်။
ရေခဲတုံးများ ပေါက်ကွဲသွားပြီး ရေခဲတောင်မှ အဝေးသို့လွင့်စင်ကာ အမည်မသိနေရာများဆီ ရောက်ရှိကုန်သည်။
လျှပ်စီးစွမ်းအင်အသိသည် သူ့အမြင့်ဆုံးအထိ လှုံ့ဆော်ခံရသည့်အတိုင်း မိုးကြိုးများ လင်းလက်နေကြသည်။ မိုးကြိုးသွားများ၏ စွမ်းအင်သည် စကြာဝဠာတစ်ခုလုံးကိုပင် အရောင်ပြောင်းသွားစေနိုင်သည်။ နတ်ဘုရားအလင်းတန်းများ ၀င်းလက်လာပြီး အဝေးသို့ ပစ်လွှတ်ခံနေရစဉ်၌ ၎င်းတို့က အမှောင်ထုနေရာတစ်လျှောက်ကို လင်းလက်သွားစေသည်။ ထိုမိုးကြိုးများသည် သက်ရှိကြယ်ဘယ်နှစ်ခုကို တိုက်ဆောင့်မိမလဲဆိုသည်မှာ မသိနိုင်သော အရာဖြစ်သည်။
မူလအဆင့် လက်နက်က သူ့စွမ်းအားကို ထုတ်လွှတ်သောအခါ ၎င်းသည် ကပ်ဆိုက်မှုကြီးကို ခေါ်ဆောင်လာနိုင်သော ကစဉ့်ကလျားစွမ်းအင်တစ်မျိုးမျိုးကို အသက်သွင်းနိုင်သည်။
ထိုအရာသည် ကနဦးနတ်ဘုရားအဆင့် သိုင်းသမားအချင်းချင်း တိုက်ခိုက်ကြသည့်အချိန်နဲ့ ထပ်တူညီနေသည်။
ကနဦးနတ်ဘုရားအဆင့်ရောက် သဘာဝလွန်သိုင်းသမားများသည် သေခြင်းရှင်ခြင်း တိုက်ပွဲကို စိန်ခေါ်တိုက်ခိုက်ကြလျှင် သက်ရှိကြယ်တစ်အခုလုံးကိုပင် သူတို့ ဖျက်ဆီးနိုင်ကြသည်။ ဒဏ္ဍာရီများအရ ကြောက်စရာကောင်းသော ကနဦးနတ်ဘုရားအဆင့်ရောက် သိုင်းသမားများသည် ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပြီး တစ်ယောက်သေသွားသည့်အခါ ထိုသူက သူတို့နဲ့အတူ သက်ရှိကြယ်အများအပြားကိုပါ ချေမွဖျက်ဆီးတတ်ကြသည်။
တုလင် နဲ့ ဖေးလန် တို့သည် ကနဦးနတ်ဘုရားအဆင့်ကို မရောက်ကြသေးပါ။ သို့သော် သူတို့၏ မူလအဆင့်လက်နက်များ၏ စွမ်းအားကို အဆုံးစွန်ထိ လှုံ့ဆော်နိုင်လျှင် သူတို့၏ သေစေနိုင်မှုက ပြင်ပဟင်းလင်းပြင်ဆီသို့ပါ လှိုင်းထသွားနိုင်သည်။ ၎င်းသည် ကနဦးနတ်ဘုရားအဆင့်ရောက် သိုင်းသမားများနဲ့ နှိုင်းယှဉ်ရန် သင့်တော်ပါသည်။