Chapter 1153: ရောင်စဉ်ငါးသွယ် ကမ္ဘာ
သူတို့ သတိမပြုမိခင်၌ ရှေးဟောင်းကုန်းမြေ၏ အနောက် ၊ တောင် ၊ အရှေ့ နဲ့ အနောက် ပိုင်နက်များကို ချိတ်ဆက်ပေးထားသည့် ခိုင်ခံ့သော အလွှာများသည် ကြေမွကွဲထွက်သွားကြသည်။ ပိုင်နက်လေးခုမှ ပေါများလှသည့် မြေကြီးနှင့်ကောင်းကင်စွမ်းအားများသည် ကူးခတ်ပြီး အချင်းချင်း တွန်းတိုက်တိုးဝှေ့ရင်း အလယ်ဗဟိုဘက်သို့ ဒလဟော စီးဝင်သွားကြသည်။
ချိတ်ပိတ်ထားသည့် အလယ်ဗဟိုသည် ဝိုးတိုးဝါးတားနဲ့ သိနိုင်မြင်နိုင်သည့် နေရာဖြစ်လာခဲ့သည်။ ထိုအထဲ၌ ဘယ်အရာက အမြဲ ပုန်းကွယ်နေခဲ့တာလဲဆိုတာ မြင်နိုင်လာကြသည်။
တောက်ပြောင်သော တိမ်စိုင်တိမ်ခဲများသည် ကောင်းကင်ထက်၌ ရပ်တန့်နေပြီး မိုးကုတ်စက်ဝိုင်းကြီးထဲ၌ လူးလာပျံဝဲနေကြသည်။ မြင့်မားသည့် တောင်ကုန်းတောင်တန်းများ ပြူးထွက်လာကြပြီး တိမ်စိုင်တိမ်လိပ်များကြား ထိုးဖောက်လျှက်ရှိသည်။ ရေတံခွန်များ ၊ ရေစီးကြောင်းများသည် နေရာအနှံ့၌ ကွေ့ကွေ့ကောက်ကောက်နှင့် စီးဆင်းနေကြသည်။ ဟိုနေရာ သည်နေရာ၌ ပြန့်ကျဲနေသည့် အရာများသည် အောက်ခြေထိပင် သူတို့ မြင်နိုင်သည့် သန့်ရှင်းကြည်လင်သော ရေကန်များဖြစ်ကြသည်။ ထိုရေကန်များ၏ မျက်နှာပြင်ထက်၌ ရေနွေးငွေ့မြူများ ရပ်ဆိုင်းနေကြပြီး တစ်မူထူးကဲသည့် ပန်းများ ၊ သစ်ပင်များကို စိုစွတ်မှု ပေးနေကြသည်။ ထိုအရာအကုန်လုံးက စိတ်ကူးယဉ်ဆန်သည့် အစစ်မဟုတ်သော နတ်တိုင်းပြည်တစ်ခု၏ ရှုခင်းကားချပ်တစ်ခုလိုပင်။
မော့ဖူ ၊ စီစီလျာ နှင့် တခြားသူများသည် ကျွန်းကြီး၏ နယ်နိမိတ်အစွန်ဖျား၌ မတ်တပ်ရပ်နေကြသည်။ အခု သူတို့ပုံစံသည် ထုံထိုင်းနေပြီး အလယ်ဗဟိုက အံ့ဖွယ်ကုန်းမြေကို ကြည့်ရင်း ညို့ယူခံလိုက်ကြရသည်။ သူတို့မျက်လုံးများက ဝေဝါးနေသည့် အလယ်ဗဟိုကို အရူးအမူးစွဲလမ်းမှုနှင့် စိုက်ကြည့်နေကြသည်။ သူတို့ပုံစံသည် အလွန်လှပသည့် အိပ်မက်တစ်ခု မက်နေကြသည့်သဖွယ် ဝိုးတိုးဝါးတားဖြစ်နေကြသည်။
ရှီယန် နဲ့ ဟာဆွန်တို့ကြား ပြင်းထန်လာသည့် တိုက်ပွဲကို သူတို့ ကျောခိုင်းလိုက်ကြသည်။