Chapter 1081: နေသားကျလွယ်သော လူသားများ
ယွီရှန်တို့အုပ်စု ရောက်မလာခင်၌ ရှီယန်သည် သားအစီအရင်ကို တည်ဆောက်ပြီးခဲ့ပြီဖြစ်သည်။ သွေးတစ္ဆေ ၊ လီအိုနာ နဲ့ ဖေးလန် တို့ သွေးတစ္ဆေကြယ်သို့ သွားကြသည့်အချိန်တွင် သွေးတစ္ဆေကြယ်ရှိ မိခင်အစီအရင်အား ဖွင့်ထားရန် ဖေးလန်ကို သူ သတိပေးခဲ့သည်။
နှစ်ဖက်စလုံးအတွက် သင့်တော်သော အခြေအနေကို သူ ပြင်ဆင်ထားပြီဖြစ်သဖြင့် သွေးတစ္ဆေကြယ် နဲ့ ဤနေရာအား အချိန်မရွေး သူ ချိတ်ဆက်နိုင်ပြီဖြစ်သည်။
တောင်ထွတ်ပေါ်ရှိ သားအစီအရင်၏ လင်းလက်ဖြာထွက်နေသော နတ်ဘုရားကျောက်တုံးများအလယ်တွင် ဟင်းလင်းပြင်သည် အဆက်မပြတ်ပြောင်းလဲနေ၏။ ဟင်းလင်းပြင်ဆုံမှတ်များသည် ထူးခြားဆန်းကြယ်သော သဘာဝစွမ်းအားနဲ့အတူ ကြယ်များသဖွယ် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြ၏။
တခြားသူများ၏ အကြည့်အောက်၌ ရှီယန် ရယ်လိုက်ပြီး သားအစီအရင်ထဲသို့ ဝင်လိုက်သည်။ သူ ပုံရိပ်က လျှပ်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ်သွား၏။
————————
သွေးတစ္ဆေကြယ်၏ ထောင့်နားတစ်နေရာ၌
သိုင်းသမားအများအပြားက ဂရုတစိုက် စောင့်ကြည့်နေသည့် မိခင်အစီအရင်သည် အရှိန်အဝါ အများအပြားနဲ့ ရုတ်တရပ် လင်းလက်တောက်ပလာပြီး လှိုင်းထနေ၏။ လူတွေ မတုံ့ပြန်နိုင်ခင်တွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။
၎င်းမိခင်အစီအရင်အနီးအနားတွင် ရပ်နေကြသော ယန်ကျောက် ၊ ရှီဂျန်နဲ့ လုံဇူး တို့သည် ရှေ့သို့ ပြေးလာပြီး အကျယ်ကြီး အော်လိုက်ကြ၏။
မိခင်အစီအရင်သည် သွေးတစ္ဆေကြယ်နယ်မြေအတွင်း ယန် မိသားစု နဲ့ တခြားသူများ နေထိုင်သည့်နေရာ၏ ကျယ်ဝန်းသော ကွင်းပြင်တစ်ခု၌ တည်ရှိနေသည်။ ထိုနေရာတွင် အဆောက်အဦး အများကြီး ရှိလာခဲ့ပြီဖြစ်သည်။ ကျက်သရေကုန်းမြေမှ သိုင်းသမားများ၏ အိမ်အသစ်များပင်ဖြစ်သည်။ ထို့အတူ ဒေါသမီးလျှံကြယ်နယ်မြေ၏ သိုင်းသမားများလည်း ရှိကြ၏။ ဤနေရာက တကယ်ကြီး လူမျိုးစု အများအပြားကို လက်ခံခဲ့ပါ၏။ ကြီးမားကျယ်ဝန်းသော မြို့ကြီး၏ အပြင်ဘက်သည် မြေကြီးနှင့်ကောင်းကင်စွမ်းအင်ပေါများသည့် တောအုပ်ကြီး တစ်ခုဖြစ်သည်။