Chapter 1117: ဓါးစာခံဖမ်းခြင်း
ကောင်းကင်တွင် သွေးနီရောင်ဟပ်ကာ ရဲနေသည်။ လွတ်မြောက်နတ်ဘုရား တတိယအဆင့်၀ပ်တာက ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရသည်။ သူ အံကြိတ်ကာ မြေပြင်ပေါ်မှ ကုန်းထသည်။ သို့သော် သူ့ခန္ဓာကိုယ်ကို ဘယ်လိုမှ မထူမတ်နိုင်ပဲဖြစ်နေသည်။
၀ပ်တာသည် ကွဲပြားခြားနားသော ရှုပ်ထွေးသည့် စွမ်းအင်အကာအကွယ်များကို တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ သူက ထိုသို့ရှုပ်ထွေးသော အစီအရင်များ တည်ဆောက်ရာတွင် ပါရမီရှင်တစ်ဦးဖြစ်သည်။ သို့သော် အားကောင်းသော အကာအကွယ်လွှာတစ်ခု တည်ဆောက်လိုလျှင် သိုင်းသမား၏ ဝိညာဉ်လိုအပ်မည်ဖြစ်သည်။ အားကောင်းသော အကာအကွယ်လွှာများစွာအတွက်ဆိုလျှင် များပြားသော ဝိညာဉ်စွမ်းအင်များ လိုအပ်သည်။
ဖန်တီးသူနှင့် တိုက်ရိုက်ချိတ်ဆက်အလုပ်လုပ်သော အတားအဆီးမျိုးလည်းရှိသည်။ ထိုသို့သော အမျိုးအစားက အတားအဆီးတွင် ပြောင်းလည်းမှု သေးသေးလေးဖြစ်သည်ကိုပင် သိုင်းသမားအား အာရုံခံစားသိရှိစေနိုင်သည်။
၀ပ်တာတည်ဆောက်ထားသော အာအကွယ်လွှာများက အဆင့်မြင့်သည်။ သူ့ဝိညာဉ်နှင့်လည်း တိုက်ရိုက်ချိတ်ဆက်ထားသည်။ ထို့ကြောင့် အတားအဆီးလွှာ ဆုတ်ဖြဲခံရသောအခါ သူ့ဝိညာဉ်သည်လည်း ဆုတ်ဖြဲခံရသလို နာကျင်သည်။ မခံမရပ်နိုင်အောင် နာကျင်ရသည်။
အကာကွယ်လွှာက စုတ်ပြဲသွားသောအခါ စီစီလျာနှင့် ရှန်းယင်းယွီတို့ တုန်လှုပ်သွားကြသည်။ အက်စကော့မိသားစုသိုင်းသမားများကတော့ တစ်ခုခု ကြီးမားစွာ မှားယွင်းနေပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်း အားလုံးကိုယ်စီဆုံးဖြတ်ချက်ချလိုက်ကြသည်။ စီစီလျာ၊ ရှန်းယင်းယွီ၊ ကျိုးရှန်နှင့် ကျိုးဟိုင်တို့ အခြေအနေကို ပြန်လည်စီးနင်းရန် ရုတ်ချည်းကြိုးစားလိုက်ကြသည်။ အက်စကော့မိသားစုများက မထင်မှတ်ထားသောကြောင့် အကာအကွယ်လွှာ ပျက်သွားချိန်တွင် အငိုက်မိသွားကြသည်။
၀ပ်တာ မြေပြင်ပေါ် တွားသွားနေသည်ကို မြင်သောအခါ သူတို့အားလုံး မျက်နှာပျက်သွားကြပြီး သူတို့၏ အဓိကတာ၀န်ဖြစ်သော ဖိလစ်ကို ကာကွယ်ရန် ပြေးလာကြသည်။