Chapter 1062: အပြစ်ကင်းသူ
“သူ လုပ်နိုင်ပါ့မလား"
ကျားတု မျက်မှောင်ကြုတ်လိုက်သည်။ သူ ကာထို့အပေါ် သိပ်ပြီး အများကြီး မမျှော်လင့်ထားသည်မှာ သိသာထင်ရှားနေသည်။
သူမှအပ တခြားကျန်တဲ့သူအားလုံးက သူ့ဘေးနားတွင် ရပ်နေကြသော ရှီယန် နဲ့ ဖေးလန် တို့ကို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။ ဤကိစ္စအတွက် ကာထို့အပေါ် ယုံကြည်ထားလိုက်ခြင်းသည် ကြီးမားသည့်အမှားတစ်ခုဟု တွေးထားကြသည်။
"ဒါဆို ခင်ဗျားမှာ ဘာနည်းလမ်းရှိလဲ" ရှီယန်က နှာခေါင်းရှုံ့ရင်း ပြန်မေးလိုက်သည်။
ကျားတုသည် ဘီလိုက ဤနေရာရှိ ဟင်းလင်းပြင်ကို ပေါက်ကွဲစေချင်ကြောင်း ရှာတွေ့ပြီးနောက် အလိုအလျောက် ဆေးနှင့်ကိရိယာစံအိမ်၏ ၀င်္ကဘာကို ထားသွားပြီး ဤနေရာသို့ လာခဲ့သည်။
ကြမ်းတမ်းသော ဤခရီးစဉ်အတွင်း သူတို့ အန္တရာယ်ထဲသို့ ကျရောက်သည့်အချိန်တိုင်း ရှီယန်သည် ဘေးအန္တရာယ်ကို ဘေးကင်းလုံခြုံမှုအဖြစ် အမြဲတမ်းပြောင်းလဲနိုင်ခဲ့သည်။ ထို့အပြင် ရှီယန် ကိုယ်တိုင်လည်း ဟင်းလင်းပြင်စွမ်းအင်အသိကို ကျင့်ကြံထားသည်။ ထိုအကြောင်းကြောင့်ပင် ရှီယန် နဲ့ ဆွေးနွေးရန် သူ လာခဲ့ခြင်းဖြစ်သည်။ ရှီယန်က ကာထို့ကို ကိုင်တွယ်ဖြေရှင်းခွင့်ပေးလိမ့်မယ်လို့ သူ မတွေးဖူးခဲ့။ သူ ဆုံးဖြတ်ချက်အမှား ချမိသည်ဟု သူ တွေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူ့တွင် တခြားရွေးချယ်စရာလည်း မရှိပါ။ ဟိုသိုင်းပညာရှင်သည် ဟင်းလင်းပြင်စွမ်းအင်အသိကို ကျင့်ကြံပြီး ကနဦးနတ်ဘုရား ဒုတိယအဆင့်ကို ရောက်နေသည်။ ဟင်းလင်းပြင်ကို ပေါက်ကွဲစေရန် သူ ဆုံးဖြတ်လိုက်သည့်အချိန် မည်မျှပင် ကြောက်စရာကောင်းလိုက်မယ်နည်း။
"ငါ.....ငါ့မှာ တခြားနည်းလမ်းမရှိပါဘူး...."ကျားတုက ထစ်ထစ်အအနဲ့ ပြောလိုက်သည်။
"ဒါဆိုလည်း စောက်ပါးစပ်ပိတ်ထားလိုက်ပါ" ရှီယန်သည် ယဉ်ကျေးမနေတော့ပါ။ ကျားတု ကန့်ကွက်မှုကို သူ့မျက်လုံးထဲ မထည့်သည်မှာ သိသာနေသည်။ သူ့အပြုအမူသည် ရိုင်းစိုင်းနေ၏။