Chapter 1046: ဟင်းလင်းပြင် ဖြတ်ထုတ်ခြင်း
ရှီယန် ကောင်းမွန်သောခံစားချက်များဖြင့် နိုးထလာသည်။ သူအလွန်ပျော်ရွှင်ကျေနပ်နေ၏။
သူ့ လွတ်မြောက်အကန့်အသတ်တွင် ပြည့်လျှံသွားသော ထို ပြင်ပအာကာသထဲရှိ စွမ်းအင်အကြွင်းအကျန်များက ဘာလုပ်နိုင်သည်လည်း သူမသိပါ။
သူ့ကို အန္တရာယ်မဖြစ်စေဘူးဟုတော့ သေချာသည်။ အဘယ်ကြောင့်ဆိုသော သူ့ လွတ်မြောက်အကန့်အသတ်သည် မှော်ဆန်သော ပြောင်းလည်းမှုများကို တိတ်တဆိတ်ဖော်ဆောင်နေကြောင်း သူခံစားမိသောကြောင့်ဖြစ်သည်။ကြယ်ကြွေ၏ အတွင်းပိုင်းတွင် သာမန်လူများအတွက် အလွန်အဖိုးတန်သော ကျောက်မျက်ရတနာများ စုဝေးနေကြသည်။ သို့သော် ရှီယန်ကဲ့သို့ စွမ်းအင်ကျင့်ကြံသူတစ်ယောက်အတွက်တော့ ဒါတွေက အလကားပင်ဖြစ်သည်။
ထို ကျောက်မျက်ရတနာများတွင် မည်သည့်စွမ်းအင်မျှ စုဆောင်းမထားပါ။ ဒါတွေက နတ်ဘုရားကျောက်တုံးတွေမဟုတ်ပါ။
အခြားတစ်ဖက်တွင် ကမ္ဘာဦးသားရဲ လိပ်နက်ကြီး၏ အကြွင်းအကျန်များကတော့ ဇူရှီထံ တိုး၀င်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သူမက ခမ်းနားလှပသော ကျောက်မျက်ရတနာတစ်ပါးနှယ် တည်ငြိမ်အေးချမ်းစွာ စွမ်းအင်ကျင့်ကြံနေသည်။ရှီယန် သူမကို လေ့လာကြည့်ရင်း သူ့မျက်လုံးများ တောက်ပလာသည်။
ဇူရှီသည် မူလနတ်ဘုရားအဆင့်သို့ ချိုးဖျက်တက်ရောက်လာပြီဖြစ်၏။မြင့်မြတ်သားရဲ ကမ္ဘာလိပ်နက်၏ ဤကြွင်းအကျန်များသည် ဇူရှီကို သဘာ၀လွန်စွမ်းအင်များပေးသည်ထင်သည်။
ကမ္ဘာလိပ်နက်၏ သွေးဆက်မဟုတ်လျှင် သူမ ဒီလောက်မြန်မြန်အဆင့်တက်နိုင်လိမ့်မည်မဟုတ်ချေ။ဇူရှီ၏ တိုးတက်မှုက ရှီယန်၏မျက်လုံးထဲမှာပင် အံ့မခန်းဖြစ်သည်။ ဤကြယ်နယ်မြေတွင် သူမကို ရှီယန်ပြန်လည်တွေ့ရှိခဲ့ချိန်က သူမသည် နတ်ဘုရင် ဒုတိယအဆင့်သာရှိသေးသည်။ ဆေးနှင့်ကိရိယာစံအိမ်မှ ဖုဝေ့ပေးသော ဆေးလုံးများဖြင့် သူမက နတ်ဘုရင် တတိယအဆင့်သို့ အလွယ်တကူ တက်ရောက်ခဲ့သည်။ ယနေ့တွင် သူမက နောက်ထပ် ကြီးမားသော ခြေလှမ်းတစ်လှမ်းကို ခုန်ကျော်သွားပြန်သည်။