Chapter 1133: အကြိုအားစမ်းခြင်း
“မင်းတို့ ဒီနေရာကို မလာခင် ဟင်းလင်းပြင်ကို အရင်မပိတ်ဆို့ခဲ့ဘူးလား။ မီအာ မင်းက တသမတ်တည်းမတွေးဘူး။ မင်း ဘယ်တော့မှ ကျိုးကြောင်းမစဉ်းစားဘဲ လှုပ်ရှားမှာ မဟုတ်ဘူး။ ငါ မင်းကို ကောင်းကောင်းသိပါတယ်”
ဟိုင်သည် သူမကို ကြည့်ပြီးမှ စက္ကူရွက်တစ်ခုပမာ ဖြူဖပ်ဖြူရော်ဖြစ်နေသည့် ယွီမာန်ကို ထပ်ကြည့်လိုက်သည်။ “တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ”
“သူက ယွီမာန်ကို ဓားစာခံအနေနဲ့ ဖမ်းထားခဲ့တာ” မီအာက ရုတ်တရပ် သက်ပြင်းချလိုက်သည်။ “သူက လွတ်မြောက်နတ်ဘုရား ဒုတိယအဆင့်ပဲ ရောက်သေးပေမယ့် ယွီမာန်ကို မျက်တောင်တစ်ခတ်အတွင်း ချဉ်းကပ်နိုင်တယ်။ သူက ယွီမာန်ရဲ့ နတ်ဘုရားစွမ်းအားကို ဖိနှိပ်ပြီး သူ့ကို ဖမ်းချုပ်ထားတာ။ ငါလည်း အဲ့အဖြစ်ကို လက်မခံနိုင်ပါဘူး”
ဓားစာခံ ဆိုသည့် စကားကို ကြားသောအခါ ဖိလစ် မျက်နှာ ရှုံ့မဲ့လာသည်။ သူ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ “အဲ့ကောင်က ကောက်ကျစ်စဉ်းလဲတယ်။ သူက ဒီနေရာက မြေကြီးနဲ့ကောင်းကင်စွမ်းအင်ကို ဆင့်ခေါ်နိုင်တဲ့ပုံပဲ။ အဲ့ဒါက တားဆီးဖို့ ခက်တယ်။ ငါ့တုန်းကလည်း အဲ့ဒါကြောင့်ပဲ အဖမ်းခံခဲ့ရတာ”
“သူက ဒီနေရာက မြေကြီးနဲ့ကောင်းကင်စွမ်းအင်ကို လှုံ့ဆော်နိုင်တာလား”
ဟိုင့် အသံသည် ပိုကျယ်လောင်လာသည်။ ချက်ချင်းပင် သူ့မျက်နှာထားသည် ထူးဆန်းလာပြီး မည်းမှောင်လာသည်။ အေးစက်သည့် ဓားတစ်လက်က ဖိလစ်ကို ထိုးစိုက်ထားသလိုပင်။ “ငါ့ကို အသေးစိတ်ပြောပြစမ်း”
ဖိလစ် နဲ့ မီအာတို့ ကြောက်သွားကြသည်။
“မင်းကို ရှင်းပြဖို့ ပြောနေတယ်လေ” ဟိုင်၏ မျက်ခုံးနှစ်ခုကြား၌ ရက်စက်မှုအရိပ်အယောင်များ ပေါ်လာသည်။ သူ့အသံသည် အလွန်အေးစိမ့်သဖြင့် တခြားသူများကို သူတို့အရိုးထိ အေးစိမ့်သွားစေသည်။
“သူက ဒီနေရာက မြေကြီးနဲ့ကောင်းကင်စွမ်းအင်ကို အသုံးပြုနိုင်တယ်။ အဲ့ဒါတော့ ငါ သေချာတယ်” ဖိလစ်က အလျင်မြန် ပြောလိုက်သည်။ “ငါ မြေကြီးနဲ့ကောင်းကင်စွမ်းအင်ရဲ့ ဖိနှိပ်ခံရပြီး အသက်ရှူကျပ်လုနီးပါးဖြစ်ခဲ့တယ်။ ဝပ်တာလည်း အဲ့အတိုင်းပဲ တိုက်ခိုက်ခံခဲ့ရတာ။ အမှန်ပါ”