Chapter 1152: ရူးသွပ်သောမြင်ကွင်း
ရှီယန်၏ စတင်ပေါက်ကွဲထွက်လာမှုက အကုန်လုံးကို စိတ်လှုပ်ရှားသွားစေသည်။
ဟိုင် ၊ ဖိလစ် နဲ့ မီတာတို့က သူတို့ဘက်သို့ တစ်ဟုန်ထိုးလာနေကြစဉ်၌ ဟာဆွန်သည် သူ့အစွမ်းအစ အစစ်အမှန်ကို ထုတ်ပြခဲ့သည်။ သူ့အစွမ်းအစသည် သဘာဝဖွဲ့စည်းပုံစည်းမျဉ်းကို ဆန့်ကျင်နေသည်။ ဤအကျပ်အတည်းထဲ၌ မော့ဖူ နဲ့ ဝူဖန်းတို့သည် ဤတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် မျှော်လင့်ထားကြသည်။ သို့မှသာ ဟိုင် တို့နဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ရန် စွမ်းအားကို ပိုစုဆောင်းမိနိုင်ကြမည်ဖြစ်သည်။
ထိုအချိန်၌ ရှီယန်၏ ရုတ်တရက် ထုတ်ပြလာသည့် ခွန်အား ၊ ဟာဆွန်ကို ယှဉ်နိုင်စွမ်းရှိသည့် ခွန်အားသည် တခြားသူများကို အားတက်သွားစေနိုင်သည့် အာဟာရတစ်ခုသဖွယ်ဖြစ်သွားသည်မှာ အသေအချာပင်။
အကုန်လုံးက ရှီယန်ကို စိုက်ကြည့်လိုက်ကြသည်။
ဒူးတစ်ဖက်က မြေကြီးပေါ် ထောက်ထားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကြမ်းတမ်းသည့် အကြေးခွံများသံချပ်ကာများဖြင့် ဖုံးအုပ်ထားပြီး စွမ်းအားအလှကို လူတို့အား ပြဿပေးနေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆူးချွန်များက အရာရာကို ထိုးဖောက်နိင်သည့် အလွန်စူးရှချွန်ထက်သော ခံစားချက်မျိုးကို ရရှိစေသည်။
သူ့နတ်ဘုရားခန္ဓာကိုယ်မှ ဆိုးယုတ်ပြီး သွေးဆာနေမှုစွမ်းအင်များ ဒလဟော ထွက်ပေါ်လာခဲ့သည်။ သူ့စွမ်းအားသည် အလွန်သိပ်သည်းသဖြင့် အစစ်အမှန်ဟု ထင်စရာပင်မရှိပါ။ ကောက်ကျစ်စဉ်းလဲသည့် သရဲ အစုအပြုံများသဖွယ် သူ့ပတ်ပတ်လည်၌ ပျံသန်းနေကြသည်။ ကမ္ဘာကြီးကို ချေမှုန်းပြီး ဆုတ်ဖြဲချင်သည့်ပမာ ဝေါဝေါဝုန်းဝုန်း အော်ဟစ်မြည်ဟိန်းနေကြသည်။
ဘုန်း…
ကုန်းမြေတောင်တန်းတစ်ခုလုံးကို တုန်ခါသွားစေသည့် ကြီးမားကျယ်လောင်သော ပေါက်ကွဲမှုကြား၌ ဟာဆွန၏ အရိုးခြောက် ဖြူကောင်ပမာ ခန္ဓာကိုယ်သည် မြေကြီးထဲမှ ထွက်ပေါ်လာပြီး ရှီယန် ရှေ့၌ နောက်တစ်ဖန် ပြန်ရပ်လိုက်သည်။