1159

341 44 0
                                    

Chapter 1159: ရှေးဟောင်းကုန်းမြေအားသန့်စင်ခြင်း

သူတို့အကုန်စုစည်းမှသာလျှင် သူတို့သည် နတ်ဘုရားကလန် ကို သူတို့ အကောင်းဆုံးတိုက်ခိုက်နိုင်မည်ဖြစ်ပြီး သူတို့ကိုဘေးကင်းစေမည်ကို ရှီယန် နှင့် အော်ဒရေးတို့ ရှင်းလင်းစွာ နားလည်ကြသည်။

အားကောင်းသော ဝဲဂယက်ကြီးသည် အလယ်ဗဟို သို့ဝင်ရောက်လာသော စစ်သည်တိုင်းကို မတူညီသောနေရာများသို့ ပို့ဆောင်ခဲ့သည်။ စစ်သည်အုပ်စုများ ကွဲသွားပြီး အလယ်ဗဟို၏ အစွန်းရှိ သေနိုင်သောထောင်ချောက်များ နှင့် အတာအဆီးများ တိုက်ခိုက်ရန်စောင့်နေသော နေရာများသို့ရောက်သွားကြသည်။ သူတို့အားလုံး ရှင်သန်ရန် ရုန်းကန်နေကြရသည်။

အကယ်၍ ရှီယန် နှင့် အော်ဒရေးတို့သည် အချိန်တိုအတွင်းတွေ့ဆုံနိုင်သည်မှာ သူတို့၏ ကံကောင်းမှုကြီးဖြစ်သည်။ သူတို့ နှစ်ဦးလုံး အလွန်စွမ်းအားကြီးသောကြောင့် သူတို့အချင်းချင်းဂရုစိုက်နိုင်မည်ဆိုလျှင် သူတို့ ဟိုင်၊ ဟာဆွန် နှင့် မီအာတို့ကို တစ်ပြိုင်နက်တည်းရင်ဆိုင်ရမည်ဆိုလျှင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့ တတ်နိုင်ကြမည်ဖြစ်သည်။

အော်ဒရေးနှင့်အတူ မဟာမြင့်မြတ်တောင်ကြီးဆီသို့ ခရီးနှင်လာစဉ် ရှီယန်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး သူ၏ ဝိညာဉ်အသိဖြင့် သူ၏ ကိုယ်ပွားဝိညာဉ်ကို စစ်ဆေးနေသည်။

ယခုအချိန်တွင် သူ၏ကိုယ်ပွားဝိညာဉ် တွင်
ကမ္ဘာဦးခေးအော့စ်မီးလျှံ၊ ကမ္ဘာဖျက်မိုးကြိုးမီးလျှံ၊ ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံ၊ အေးစိမ့်ရေခဲမီးလျှံတို့က သီးခြားစီရှိနေပြီး အစစ်အမှန်သန့်စင်ခြင်းမီးလျှံ၊ အစစ်အမှန်မီးငှက်မီးလျှံ၊ မြေကမ္ဘာမီးလျှံ သုံးမျိုးတို့က တစ်ခု၊ အကန့်အသတ်မဲ့မိစ္ဆာမီးလျှံ၊ ယင်ဝိညာဉ်တစ္ဆေမီးလျှံ၊ အလောင်းကောင်မီးလျှံတို့က တစ်ခု မတူညီသောအော်ရာများဖြင့်ရှိနေကြသည်။

ကောင်းကင်မီးလျှံ သုံးခုဖြစ်သော အကန့်အသတ်မဲ့မိစ္ဆာမီးလျှံ၊ ယင်ဝိညာဉ်တစ္ဆေမီးလျှံ၊ အလောင်းကောင်မီးလျှံတို့သည် တစ်ခုနှင့်တစ်ခုပေါင်းစည်းသွားကာ မနားမနေ လင်းလက်နေသော စိမ်းပြာရောင် မီးလျှံ အဖြစ်ပြောင်းသွားပြီး မိစ္ဆာကီ၊ ယင်ကီ နှင့် မွန်းစတားကီများ ရောနှောနေသော အော်ရာရှိသည်။ ၎င်းမီးလျှံ၏စွမ်းအင်လှိုင်းများသည် အလွန်မကောင်းဆိုးရွားဆန်လှသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Où les histoires vivent. Découvrez maintenant