Chapter 1079: လက်သီးနဲ့ ရှင်းပြတာ ပိုကောင်းတယ်
ရှီယန် စကားကို ကြားသောအခါ နတ်ဘုရားအလင်းဂိုဏ်း နဲ့ မိုးစက်မီးလျှံကြယ်နယ်မြေ တို့၏ သိုင်းသမားများ ဆူညံပွက်လောရိုက်ကုန်သည်။
ရှီယန်သည် လွတ်မြောက်နတ်ဘုရား ပထမအဆင့်ကို ရောက်နေ၏။ ထိုအချက်ကို သိရန် မခက်ခဲပါ။ ကနဦးနတ်ဘုရားအဆင့်ရောက် သိုင်းပညာရှင်အတွက် သူ၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန် နဲ့ ကျင့်ကြံခြင်းအခြေခံတို့ကို သိရန် တစ်ချက်လှမ်းကြည့်ဖို့သာ လိုအပ်သည်။
လွတ်မြောက်နတ်ဘုရား ပထမအဆင့်က ကနဦးနတ်ဘုရားအဆင့်အောက် မည်သည့်သိုင်းသမားကိုမဆို စိန်ခေါ်ချင်နေသည်။ သူ၏ ပြောစကားအရ သူသည် လွတ်မြောက်နတ်ဘုရား ဒုတိယ သို့မဟုတ် တတိယအဆင့်ရောက်သည့် သိုင်းသမားကို စိန်ခေါ်သည်။ ကနဦးနတ်ဘုရားအဆင့်သို့ ခြေတစ်လှမ်းရောက်နေသောသူမျိုးကိုပင် သူ စိန်ခေါ်သည်။ မည်မျှပင် စိတ်ကြီးဝင်နေသည့် ကောင်လဲ။
ယွီရှန် နဲ့ ရွှမ်ဖေး တို့ ဇဝေဇဝါ ဖြစ်သွားကြသည်။ ရှီယန်က အဘယ်ကြောင့် ထိုသို့ ပြောလိုက်သလဲဆိုသည်ကို သူတို့ မသိပါ။ ရှီယန်၏ တကယ့်အစွမ်းအစကို မြင်နိုင်သည့်အခွင့်အရေး သူတို့၌ မရှိခဲ့ပါ။ ယခင်တစ်ခေါက် ဟင်းလင်းပြင်လမ်းကြောင်းထဲ၌ ရှီယန်သည် မတ်တပ်ရပ်ပြီး စိုက်သာကြည့်နေခဲ့သည်။ သူ့စွမ်းအားကို ပြသရန် ဘာမှမလုပ်ခဲ့ပေ။
ထို့ကြောင့် ယွီရှန် နဲ့ ရွှမ်ဖေးတို့က သူ့တကယ့်အစွမ်းအစကို မသိကြပါ။ ထို့အပြင် မိန်ယုံ၊ ဆန်နာ နဲ့ ကျူးပိုတို့အတွက် ဤတစ်ခါသည် ရှီယန်ကို ပထမဆုံးအကြိမ် တွေ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် သူ မည်မျှအင်အားကြီးသလဲဆိုသည်ကို သူတို့ မသိကြပါ။
ရှီယန်၏ ကျင့်ကြံခြင်းအဆင့်ကို မြင့်သည်ဟု သူတို့ သတ်မှတ်ထားကြလျှင်ပင် ၊ သူ၏ လွတ်မြောက်နတ်ဘုရား ပထမအဆင့်လောက်နဲ့ ကနဦးနတ်ဘုရားအဆင့်အောက် သိုင်းသမားများအားလုံးကို စိန်ခေါ်ခြင်းသည် ကောင်းကင်ကြီး မည်မျှမြင့်သလဲဆိုသည်ကို သူ မသိသေးဘူးဟုသာ အကုန်လုံး တွေးလိုက်ကြသည်။