Chapter 1036: အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း
အမှောင်ရိပ်ကလန်မှ ကော်ကာ၏မျက်နှာက မည်းမှောင်သွားသည်။ သူ၏ စူးရှရက်စက်သောမျက်လုံးအစုံက သတ်ဖြတ်လိုစိတ်များဖြင့် ရှီယန်ကိုစိုက်ကြည့်နေသည်။
သူ၏ တစ်ချက်လွှတ်တိုက်ခိုက်မှုမှ ရှီယန်အသက်ရှင်လွတ်မြောက်လိမ့်မည်ဟု သူစဉ်းပင်မစဉ်းစားခဲ့ပါ။
ရှီယန်သည် သူ့တိုက်ခိုက်မှုကို အပြည့်အ၀ ခံယူသွားခဲ့ပြီးနောက် ပုံစံအသစ်ဖြင့် ပြန်လည်ထွက်ပေါ်လာခဲ့သည်။ကနဦးနတ်ဘုရားတစ်ယောက်အတွက် ဒါက စော်ကားမှုကြီးပင်ဖြစ်၏။
ကော်ကာ ဘာစကားမှမပြောပါ။ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးနောက် သူ့ လွတ်မြောက်အကန့်အသတ်ကို ပြောင်းလည်းလိုက်သည်။
သူ့ လွတ်မြောက်အကန့်အသတ်အတွင်း မျောလွင့်နေသော တောင်တန်းကြီးသုံးခုသည် ဝုန်းကနဲ လှုပ်ခါသွားပြီးနောက် ကြောက်မက်ဖွယ် မြေကြီးအရှိန်အဝါဖြင့် မြေသတ္တဝါကြီးသုံးကောင်အဖြစ်ပြောင်းလည်းသွားသည်။
ချက်ခြင်းပင် ထိုအကောင်ကြီးများက လွတ်မြောက်အကန့်အသတ်မှ ခုန်ထွက်လာကြသည်။ တဂူးဂူးတဂဲဂဲ ဟိန်းဟောက်ရင်း ရှီယန်ထံ တိုး၀င်သွားကြသည်။ထို မြေသတ္တဝါကြီးသုံးကောင်က မသေးငယ်လှပါ။ တောင်တန်းကြီးများမှ ပြောင်းလည်းလာသည့်အလျောက် တစ်ကောင်ချင်းစီက မီတာထောင်ချီမြင့်မားသည်။ အာဂါတေးကြယ်နယ်မြေတွင် တစ်ခါမှ မရှိဖူးသော သားရဲကြီးများဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သောအော်ရာများ ဖြာထွက်နေသည်။ ထို ကမ္ဘာတုန်လောက်သော ခွန်အားကြီးသုံးခုသည် ရှီယန်၏ နတ်ဘုရားခန္ဓာကိုရော ရှီယန်၏ ဝိညာဉ်ကိုပါ ပစ်မှတ်ထားကာ ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်ကြသည်။
ရှီယန်ကို ဘယ်သူမှ မမြင်ကြရတော့ပါ။ ကြီးမားလှသော ဧရာမ မြေသတ္တဝါကြီးများက သူတို့မြင်ကွင်းကို ပိတ်ဆည်းသွားသည်။ ထိုဧရာမ သားရဲကြီးများက ရွေ့လျားနေသော တောင်ကြီးသုံးလုံးသဖွယ် ရိုက်ပုတ်နေကြသည်။
ရှီယန်၏ အော်ဟစ်မန်သွင်းသံများ အဆက်မပြတ်ထွက်ပေါ်နေသည်။
သို့သော် ခနအကြာတွင် သူ့အသံ ပျောက်ကွယ်သွားသည်။ ပြီးနောက် ထိုအကောင်ကြီးများအကြားမှ အတင်း ထိုးဖောက်ထွက်လာသည်။
သူ့တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နေသည်။ အရိုးများကျိုးကာ အသားများကိုပင် ဖောက်ထွက်နေပြီး သူ့မျက်နှာတစ်ခုလုံး သွေးတို့ဖုံးနေသည်။