Chapter 1099: ဝိညာဉ်အကျိုးကျေးဇူး
ရွှံရုပ်လူသည် ဗွက်အိုင်ထဲတွင် ပုန်းနေခဲ့သည်။ ရှီယန် နဲ့ ရှားယင်းယွီတို့ တိုက်ခိုက်နေစဉ်တွင် ၎င်းသည် လက်တစ်သောင်းတစ္ဆေဝိဉာဉ်အမျှင်ကို စတင်စုဆောင်းနေခဲ့သည်။
အမည်မသိညီအစ်ကိုနှစ်ယောက် ရောက်လာသည့်အချိန်တွင် ရွှံစေးရုပ်တုသည် ခဏရပ်ခဲ့သေးသည်။ သို့သော် သူ့ဆန္ဒကို အကြာကြီးမထိန်းနိုင်ခဲ့ပါ။ ချက်ချင်းပင် လက်တစ်သောင်းတစ္ဆေဝိဉာဉ်အမျှင်များကို ပိုစုဆောင်းဖို့ လုပ်လိုက်သည်။
သူ၏ လက်တစ်သောင်းတစ္ဆေဝိဉာဉ်မျှင်ကို စုစည်းပုံနည်းလမ်းသည် ရှားယင်းယွီ၏ နည်းလမ်းနဲ့ မတူညီပါ။ ရွှံရုပ်လူသည် ရွှံစေးစမ်းချောင်းငယ်တစ်ခုကို ပန်းထုတ်လိုက်သည်။ ၎င်းစမ်းချောင်းငယ်က သေးငယ်နူးညံ့သည့် လက်တစ်ခုပမာ လှုပ်ရှားသည်။ လင်းလက်နေသော ပြာလဲ့လဲ့ပိုးထည်ချည်မျှင်များကို ဖမ်းဆုပ်ပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ဤရွှံစေးရုပ်တုသည် ရွှံ့နွံနှင့်သဲစွမ်းအားကို ကျွမ်းကျင်ဟန်ပေါ်သည်။ အထူးသဖြင့် သူကျင့်ကြံသည်က မြေကြီးစွမ်းအင်ပင်ဖြစ်သည်။ သူသည် လက်တစ်သောင်းတစ္ဆေဝိဉာဉ်အမျှင်အချို့ကို ဝါးမြိုထားခဲ့သဖြင့် မြေပြင်ပေါ်ရှိ လက်တစ်သောင်းတစ္ဆေဝိဉာဉ်အမျှင်အရေအတွက်သည် လျော့နည်းသွားသည်။
ကြည့်ကောင်းသော ယောကျာ်းကြီးသည် ရှန်းယင်းယွီ၊ ရှီယန် တို့နဲ့ အရင်ပြောဆိုပြီးနောက် ချက်ချင်း သူ့ကို ပစ်မှတ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှံရုပ်လူသည် လက်တစ်သောင်းတစ္ဆေဝိဉာဉ်အမျှင်ကို စုဆောင်းရာ၌ ပိုပြီး ကျွမ်ကျင်သောကြောင့်ဖြစ်သည်။ အကယ်၍ သူသာ အချိန်ပိုရခဲ့လျှင် ကျန်လူများအတွက် ဘာမှရစရာရှိတော့မည်မဟုတ်ချေ။
တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိသော သူသည် ချောမောသည့်ယောက်ျားတစ်ယောက်တည်းမဟုတ်ပါ။ ရှန်းယင်းယွီလည်း ရှီယန်ကို အလျော့ပေးလိုက်ပြီး ရွှံစေးရုပ်တုထံသို့ တစ်ဟုန်ထိုးသွားလိုက်သည်။ သူမမျက်နှာထားသည် စိတ်ဆိုးမာန်ဆိုးဖြစ်နေ၏။