Chapter 1180: ကမ္ဘာဦးသစ်သီး
အခုအချိန်ထိ ရှန်းယင်းယွီ နဲ့ စီစီလျာတို့က ရှီယန်သည် သေခြင်းစွမ်းအင်အသိကို အမွေဆက်ခံထားသည်ဟုသာ ထင်မှတ်ထားကြသည်။ သူက သွေးသောက်ရှစ်ယောက်မျိုးဆက်အင်အားစု၏ ဆရာသခင်၏ စွမ်းအင်အသိကို ရရှိလိမ့်မယ်ဟု သူတို့ မတွေးထားခဲ့ဖူးပါ။ ထိုအချက်နှစ်ခုသည် လုံးဝကွဲပြားသည့် အရာနှစ်ခုဖြစ်သည်။
သေခြင်းစွမ်းအင်အသိသည် မြင့်မြတ်သော အမွေရှစ်ခုထဲမှ တစ်ခု ဖြစ်သည်။ သေခြင်းစွမ်းအင်အသိပိုင်ရှင် ရွှမ်ဟဲသည် သွေးသောက်ရှစ်ယောက်မျိုးဆက်၏ ခေါင်းဆောင်ရှစ်ယောက်ထဲမှ တစ်ယောက်သာဖြစ်သည်။ သူက အင်အားစုတစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပါ။
သို့သော် သွေးသောက်ရှစ်ယောက်အင်အားစု၏ ဆရာသခင်ထံမှ အမွေသည် မေးခွန်းထုတ်စရာမဟုတ်ပါ။ ၎င်းသည် ဤကမ္ဘာပေါ်က စွမ်းအင်အသိများ၏ အထွတ်အထိပ်ဖြစ်သည်။ ဆိုလိုသည်မှာ ရှီယန်သည် သွေးသောက်ရှစ်ယောက်အင်အားစု၏ ခေါင်းဆောင်ဖြစ်လာနိုင်ပြီး စကြာဝဠာတစ်ခုလုံးကို ကြီးစိုးခြယ်လှယ်လိမ့်မည်ဖြစ်သည်။
“ငါက သွေးသောက်ရှစ်ယောက်အင်အားစုရဲ့ ဆရာသခင်ရဲ့ စွမ်းအားကို ဆက်ခံထားတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ” ရှီယန် မျက်ခုံးပင့်လိုက်သည်။
ရှန်းယင်းယွီသည် သူ ကိုင်ထားသည့် ဓားနီကြီးကို ကြည့်ပြီး ခပ်ယဲ့ယဲ့ ပြောလိုက်သည်။ “ငါ့အဖေထံကနေ လူ တစ်ယောက်အကြောင်း ကောလဟလ ကြားခဲ့ရဖူးတယ်။ သူ့မှာ ဓားနီ ကြီးနဲ့ သွေးဒိုင်းကာရှိတယ်။ သူတို့အားလုံးမှာ သွေးအမှတ်အသားရှိကြတယ်” ဓားနီကြီးပေါ်က အမှတ်အသားကို သူမ လက်ညိုးထိုးပြလိုက်သည်။
ရှီယန်လည်း ချက်ချင်း နားလည်သွားသည်။
ခဏစဉ်းစားပြီးနောက် သူ မေးလိုက်သည်။ “သွေးသောက်ရှစ်ယောက်အင်အားစုရဲ့ ဆရာသခင်အကြောင်းကို မင်း ဘယ်လောက်သိထားလဲ”
“အများကြီးမသိပါဘူး” ရှန်းယင်းယွီသည် သူမ စကားလုံးများကို သေချာစဉ်းစားပြီးမှ ဂရုတစိုက်နဲ့ ပြောလိုက်သည်။ “သူက ဒီစကြာဝဠာမှာ အဆန်းကြယ်ဆုံး လူသားပဲ။ သူက ဘယ်နေရာကနေ ရောက်လာပြီး ဘယ်မျိုးနွယ်စုကလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ငါ့အဖေပြောတာတော့ သူက စပေါ်ထွက်လာကတည်းက အင်အားကြီးပြီးသားတဲ့။ သူက ထူးဆန်းတဲ့ စွမ်းအင်အသိအမျိုးမျိုးကို သိထားတယ်။ အဲ့ချိန်တုန်းက မြင့်မြတ်တဲ့ မျိုးနွယ်စုလေးခုရဲ့ သိုင်းပညာရှင်တွေက သူ့ကို သတ်ချင်ခဲ့ကြတယ်။ ဒါပေမယ့် မြင့်မြတ်တဲ့ မျိုးနွယ်စုလေးခုထဲက အင်အားကြီးတဲ့သူအများအပြားက သူ့ကို ဖမ်းဆီးဖို့ သူ့နောက်ကို လိုက်သွားကြတယ်။ အဲ့နောက်မှာ သူတို့က သူ့ရဲ့ သစ္စာရှိတဲ့ လက်အောက်ငယ်သားတွေ ဖြစ်လာကြတယ်”