1190

335 46 0
                                    

Chapter 1190: လောကသန့်စင်ခြင်းအလင်း

အာကာသဟင်းလင်းပြင်တစ်ခုပမာ လင်းလက်တောက်ပသည့် ကမ္ဘာတွင် နေများ ၊ လများ နှင့် ကြယ်စင်များသည် နောက်ထပ်တစ်ဖန် ပြောင်းလဲသွားကြပြန်သည်။ နေ ၊ လ နှင့် ကြယ်စင်များထံမှ လင်းလက်ဖြာထွက်သည့် အလင်းတန်းသန်းထောင်ချီပစ်ထွက်လာပြီး အလင်းတန်းတစ်ခုတည်းအဖြစ် စုစည်းသွားကြသည်။

နေ ၊ လ နှင့် ကြယ်စင်များထံမှ ဖြာထွက်လာသည့် ထိုမျှ မရေမတွက်နိုင်လောက်အောင် များပြားလှစွာသော အလင်းတန်းများသည် လက်မောင်းတစ်ခုလောက် အရွယ်အစားရှိသည့် အလင်းတိုင်တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။ ထိုအလင်းတိုင်သည် အကန့်အသတ်မရှိသည့် နတ်ဘုရားစွမ်းအားကို ယူဆောင်လာဟန်ပေါ်သည်။ ၎င်းသည် မျက်စိကျိန်းစေလောက်အောင် လင်းလက်လွန်းသဖြင့် ဘယ်သူကမှ တိုက်ရိုက်မကြည့်ရှုနိုင်ကြချေ။ ဝိဉာဉ်စွမ်းအားကို အသုံးပြုပြီးတော့လည်း ဘယ်သူကမှ အာရုံမခံရဲကြပါ။ ထိုအလင်းတိုင်သည် နေရောင်ခြည် ၊ လရောင်ခြည် နှင့် ကြယ်ရောင်ခြည်တို့၏ အဆီအနှစ်ဖြစ်သည်။ ၎င်းသည် ဤကမ္ဘာပေါ်က အကြီးမားဆုံးစွမ်းအားတစ်မျိုးဖြစ်သည်။

၎င်းသည် ညစ်ပတ်ယုတ်ညံ့သည့် ကမ္ဘာကြီးကို သန့်စင်ပြီး ဝိဉာဉ်များကို ဖျက်ဆီးနိုင်သည့် လောကသန့်စင်ခြင်းအလင်း ဖြစ်သည်။

ထို လောကသန့်စင်ခြင်းအလင်းသည် ကြယ်တာရာစွမ်းအင်အသိ၏ သီးသန့်စွမ်းအားတစ်ခုဖြစ်ပြီး နတ်ဘုရားကလန်၏ အကြီးအကဲ ဝိဉာဉ်တွင် ထိုးတွင်းထားသော အရာဖြစ်သည်။ ၎င်းသည် ရှီယန် တီထွင်ကျင့်ကြံထားသောအရာမဟုတ်ပါ။

လောကသန့်စင်ခြင်းအလင်းသည် ဟာဆွန်၏ ဝိဉာဉ်ယဇ်ပလ္လင်ပေါ်တွင် လင်းလက်လာခဲ့သည်။

ရွှစ်…

မျက်တောင်တစ်ခတ်အတွင်း သူ့ဝိဉာဉ်ယဇ်ပလ္လင်သည် ပြာမှုန့်များ ဖြစ်သွားခဲ့သည်။ ဟာဆွန်၏ အသက်အမှတ်အသားသည် ဘာမှမဟုတ်သည့်အရာအဖြစ်သို့ ပြောင်းလဲသွားသည်။ ကံကြမ္မာမီးလျှံသည်ပင် မကြာခင်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Tempat cerita menjadi hidup. Temukan sekarang