1118

298 38 0
                                    

Chapter 1118: ငါနဲ့ ဘာဆိုင်လဲ

ဗွက်အိုင်၏ ထောင့်နားတစ်နေရာ၌

ရှီယန်သည် ဖိလစ်၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ညှစ်ထားပြီး သူ့နောက်လက်တစ်ဖက်ဖြင့် ချွန်ထက်သည့် အရိုးလှံတစ်ခုကို ကိုင်ထားသည်။ ထိုအရိုးလှံ၏ အဖျားသည် ဖိလစ်၏ ရင်ဘတ်ထဲသို့ နစ်ဝင်နေသည်။ အနည်းငယ်သာ ထပ်တွန်းလိုက်လျှင် ဖိလစ်၏ ခန္ဓာကိုယ်သည် လဲကျတော့မည်ဖြစ်သည်။

နောက်ထပ်အရိုးလှံတစ်ခုသည် ဖိလစ်၏ အစာအိမ်ဝမ်းဗိုက်ထဲသို့ နစ်ဝင်မွှေနှောက်နေသည်။ ၎င်းက သူ့ကို စိတ်ကူးယဉ်ရဲစရာမဟုတ်သည့် နာကျင်မှု ခံစားရစေသော်လည်း သူ့အသက်ကို နှုန်ယူသွားရန် မလုံလောက်ခဲ့ပါ။

မျိုးနွယ်စုအများအပြား၏ ခန္ဓာကိုယ်များတွင် အလွန့်အလွန်အားနည်းသည့် နေရာသုံးခု ရှိကြသည်။ ဦးခေါင်း ၊ နှလုံး နဲ့ သူတို့ ဝမ်းဗိုက်အောက်ပိုင်းရှိ စုပ်ဝဲလေးများပင် ဖြစ်ကြသည်။ ဦးခေါင်းထဲ၌ ပုန်းနေသည့် ဝိဉာဉ်ယဇ်ပလ္လင်သည် သိုင်းသမားတစ်ယောက်၏ ဝိဉာဉ်နေထိုင်ရာနေရာဖြစ်သည်။ သူ့ဝမ်းဗိုက်အောက်ပိုင်းရှိ စုပ်ဝဲသည် သူ့စွမ်းအား၏ ဗဟိုအချက်အချာဖြစ်သည်။ ထိုစုပ်ဝဲ ကျိုးပျက်သွားသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သူ့စွမ်းအားများသည် လျင်မြန်စွာ ပျောက်ကွယ်သွားမည်ဖြစ်သည်။ သူသည် ထိုးချက်တစ်ခုလေးကိုပင် မခံနိုင်သည့် သာမာန်သိုင်းသမားတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။

နှလုံးသည် သွေးစုပ်စက်တစ်ခုဖြစ်ပြီး သိုင်းသမား၏ သွေး နဲ့ အရေပြား တို့၏ စက်တစ်ခုလည်းဖြစ်သည်။ နှလုံး ပျက်စီးသွားလျှင် ခန္ဓာကိုယ်က အသက်ရှင်နိုင်တော့မှာ မဟုတ်ပါ။

ရှီယန်သည် ဓါးနီကြီးကို အသုံးပြုပြီး ဖိလစ်ကို ကာကွယ်ပေးသည့် သက်တံ့ရောင်အရှိန်အဝါကို ဖျက်ဆီးခဲ့သည်။ သူ့ အရိုးလှံတစ်ခုကို အသုံးပြုပြီး ဖိလစ်၏ နှလုံးကို ချိန်ထားသည်။ ၎င်းက ဖိလစ်အား သူ့သေခြင်းမဲ့နတ်ဘုရားခန္ဓာကိုယ်ပုံစံသို့ မပြောင်းလဲနိုင်ရန် တားဆီးထားသည်။ သူ နည်းနည်းလေး လှုပ်ရှားလိုက်သည်နှင့် ရှီယန်က သူ့ကို အလွယ်တကူ သတ်နိုင်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Dove le storie prendono vita. Scoprilo ora