Chapter 1008: ကယ်တင်ရှင်ရဲ့ အကူအညီ
သွေးဒိုင်းကာကြီးသည် တောင်တန်းတစ်ခုပမာ ရပ်တည်နေသည်။ ၎င်းသည် အရာရာကို တားဆီးနိုင်သော ထူထပ်သိပ်သည်းသည့် သံမဏိတံတိုင်းကြီးပမာ ဆန်းကြယ်ကောင်းကင်ရေခဲတောင်တစ်ခုလုံးကို ကာကွယ်ပေးနေသည်။ တစ်ချိန်တည်း၌ ရက်စက်ကြမ်းတမ်းပြီး သွေးဆာနေသော အရှိန်အဝါသည် ဂယက်ထပြီး ပြင်းထန်စွာ ကျယ်ပြန့်နေသည်။ ၎င်းသည် မိုင်ပေါင်းတစ်သောင်းကျော် ဧရိယာကို လွှမ်းခြုံထားသည်။
ထိုဒိုင်းကာပေါ်ရှိ သွေးအမှတ်အသားသည် ယိမ်းလှုပ်နေသည်။ သွေးမျဉ်းကြောင်းများသည် မြွေအရှင်များပမာ ရွေ့လျားနေကြသည်။ ၎င်းတို့သည် သက်ရှိအရာများနဲ့ပင် တူညီနေသည်။
တစ္ဆေအမှတ်အသားမျိုးနွယ်ကလန်၏ သေသွားသော သိုင်းသမား ရာချီကျော်ထံမှ သွေးများသည် ဟင်းလင်းပြင်အတွင်း မိုးစက်များပမာ ပျံသန်းနေကြသည်။ ထိုသွေးများက သွေးဒိုင်းကာကြီးကို မည်းမှောင်၍ အဆုံးစွန်ရက်စက်အောင် ဖြစ်ပေါ်စေသည်။ ၎င်းသည် ဤကမ္ဘာကြီးထဲရှိ ဆိုးယုတ်သော အရာများ၏ အရင်းအမြစ်ဖြစ်လာဟန်နဲ့ပင် တူနေသည်။
မိုးကြိုးနတ်ဘုရားလှံတံ၏ ချွန်ထက်သော အဖျားသည် ဒိုင်းကာကြီး၏ အလယ်တည့်တည့်ရှိ သွေးအမှတ်အသားကို စိုက်ထိုးလိုက်သည်။ ငွေရောင်လှံတံသည် မကောင်းဆိုးဝါးစွမ်းအင်၏ တိုက်ခိုက်ခံရသည့်အတိုင်း ပြန်ခုန်ထွက်လာသည်။ လှံပေါ်၌ ပါးလွှာသော ကွဲအက်ရာများ စတင်ပေါ်ထွက်လာသည်။
တစ္ဆေအမှတ်အသားကလန်နဲ့ ဆေးနှင့်ကိရိယာစံအိမ်၏ သိုင်းသမားများသည် ဒိုင်းကာကြီးကို စိုက်ကြည့်ရက်း တိတ်ဆိတ်နေကြစည်။ ဘာဖြစ်နေသလဲဆိုသည်ကို သူတို့ မသိကြသဖြင့် အံ့အားသင့်နေကြသည်။
ဖုဝေ့သည် ဆန်းကြယ်ကောင်းကင်ရေခဲတောင်ပေါ်၌ မတ်တပ်ရပ်နေသည်။ သူမ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေသော်လည်း ခက်ထန်နေဆဲဖြစ်သည်။ သူမ မျက်ခုံးများကို ထင်ရှားသိသာစွာ ကြုတ်လိုက်ပြီး တောက်ပနေသော သူမ မျက်လုံးများက သွေးဒိုင်းကာကြီးကို စိုက်ကြည့်နေသည်။ သူမ စိတ်ရှုပ်သွားသည်။