Chapter 1112: အဖျက်ကောင်
ရှေးဟောင်းကုန်းမြေ၏ မြောက်ဘက် ပိုင်နက်သည် တောက်လျှောက်ရှိနေသည့် ရေခဲပန်းဆွဲများနှင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် ချွန်ထက်သည့် ရေခဲတုံးကြီးများနဲ့ တူညီပြီး အေးခဲစေနိုင်သည့် အရှိန်အဝါနဲ့အတူ ကောင်းကင်သို့ ငေါထွက်နေကြသည်။
နတ်ဘုရားကလန်ဝင် နှစ်ဆယ်ကျော်ပါသည့် အုပ်စုတစ်ခု ရွေ့လျားနေသည်။ ထိုအုပ်စုကို လူငယ်တစ်ယောက်က ဦးဆောင်ထားခြင်းဖြစ်သည်။ ထိုလူငယ်က ရေခဲပန်းဆွဲများကို ဖြတ်ကျော်ရင်း နွံပြင်လွင်ပြင်ကြီးရှိသည့် နေရာဘက်သို့ အေးဆေးစွာ သွားနေသည်။
ထိုဦးဆောင်သူ လူငယ်က ဆံပင်တိုတိုဖြင့်ဖြစ်သည်။ သူ့ဆံပင်သည် တိုသော်လည်း ချွန်ထက်သည့် သံအပ်များပမာ ဖြစ်နေသည်။ ကြည့်ကောင်းသည့် မျက်နှာနဲ့ ထူးကဲသော သံချပ်ကာတစ်စုံကို ဝတ်ဆင်ထားသည်။ သူ့သံချပ်ကာပေါ်တွင် တောက်လောင်နေသည့် မီးလျှံပုံစံများကို ဆွဲထားသည့်အရာများ ရှိနေသည်။
သူ့နောက်မှ လိုက်လာသော နတ်ဘုရားကလန်၏ သိုင်းသမားနှစ်ဆယ်ကျော်သည် ငြိမ်သက်သော အရှိန်အဝါ နဲ့ ပြတ်သားခိုင်မာသည့် မျက်လုံးများရှိကြသည်။ သူတို့၌ ထင်ပေါ်သော တောင်တန်းများပမာ လူတို့ကို ဖိအားအကြီးကြီးပေးနိုင်သည့် အော်ရာများရှိကြသည်။
တောက်လျှောက်တည်ရှိနေသည့် ရေခဲပန်းဆွဲများက ထိုလူများ၏ အကွက်ချသတ်ဖြတ်ခြင်းခံရသော သိုင်းသမားအများအပြားကို မြုပ်ပေးထားသည်။ ငါးနှစ်မပြည့်ခင်၌ သူတို့သည် အဆင့်မြင့်ကြယ်နယ်မြေအများအပြား၏ ထက်မြတ်ထူးချွန်သော မျိုးစေ့ဟု သတ်မှတ်ခြင်းခံရသည့် သူများကို အရိုးခိုက်အောင် အေးစိမ့်သည့် ဤပိုင်နက်၌ ရှင်းလင်းသုတ်သင်ခဲ့ကြသည်။
"သခင်လေး…မီအာ နဲ့ တခြားသူတွေ ရှိနေတဲ့ နွံပြင်ပိုင်နက်ကို ရောက်ဖို့ သုံးရက်အတွင်း ဒီရေခဲပန်းဆွဲပိုင်နက်ကို ဖြတ်ကျော်နိုင်မှာပါ" လှပသည့်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာထားတင်းတင်းရှိသည့် လူအိုကြီးက ပြောလိုက်သည်။