Chapter 1015: ငါတို့မှာ ပတ်သက်မှုတစ်ချို့ ရှိတယ်
ဟင်းလင်းပြင်စွမ်းအားများ လှိုင်းထနေသော အကွယ်အကာတစ်ခုသည် စမ်းချောင်းတစ်ခုပမာ ရှီယန်တို့ အုပ်စုကို လွှမ်းခြုံထားသည်။ ဆယ်ကျော်သက်လူငယ်လေးသည် သတိထားနေဆဲဖြစ်ပြီး မျက်လုံးထဲ ဒေါသအပြည့်နဲ့ ရှီယန်ထံမှ ဝေးသောအရပ်တွင် နေလိုက်သည်။
ထို့နောက် သူ လှည့်လိုက်ပြီး သူတို့ မျက်နှာချင်းဆိုင်ရှိ ရေခဲသလင်းကျောက်ကို ကြည့်လိုက်သည်။ သူ လုံးလုံး ဝေခွဲမရဖြစ်သွားသည်။
ရေခဲသလင်းကျောက်သည် မှန်တစ်ချပ်သဖွယ် ချောမွေ့ပြန်ပြူးနေပြီး အကုန်လုံးကို ရှင်းရှင်းလင်းလင်း ထင်ဟပ်စေသည်။
သို့သော် သူသည် ထိုရေခဲသလင်းကျောက်မှန်ကို ရင်ဆိုင်ကြည့်နေသော်လည်း ထိုအထဲတွင် သူ့ပုံရိပ် ထင်ဟပ်နေသည်ကို မမြင်ရပါ။
ကိုယ်ခန္ဓာပါသော မည်သည့်သက်ရှိမဆို ထိုမှန်ထဲတွင် ပုံရိပ်ထင်ဟပ်ကြမည်ဖြစ်သည်။ ၎င်းသည် လူသားများ ချိုးဖျက်လို့မရသော သဘာဝစည်းမျဉ်းတစ်ခု ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် ရေခဲသလင်းကျောက်ရှေ့တွင် ရပ်နေကြသည်။ သို့သော် ထိုသလင်းကျောက်ထဲတွင် သူတို့၏ ပုံရိပ်များ ထင်ဟပ်မနေပေ။ ထို့အပြင် ထိုသလင်းကျောက်ကို သူ မြင်နိုင်သေးသည်။ ထိုတွေ့ရှိချက်က လူငယ်လေးကို တစ်စုံတစ်ရာ သဘောပေါက်သွားစေသည်။ သူ တိတ်သွား၏။
"စိတ်မပူပါနဲ့ မင်း အဝေးမှာ သွားမလိမ်သရွေ့ အမှောင်ရိပ်ကလန်ဝင်တွေက ဒီနေရာကို ရောက်လာကြရင်တောင် မင်းကို ရှာတွေ့ကြမှာ မဟုတ်ဘူး" ရှီယန်သည် သူ့ကို ကြည့်၍ ပြုံးလိုက်သည်။ ခဏစဉ်းစားပြီးမှ ထပ်ပြောလိုက်သည်။ "ငါက ရှီယန်ပါ ငါလည်း အမှောင်ရိပ်ကလန်ရဲ့ ရန်သူပါပဲ ဒီနေရာမှာ ငါတို့က အပေါင်းအဖော်တွေပါပဲ မင်းနာမည်ကဘာလဲ အမှောင်ရိပ်ကလန်ဝင်တွေက မင်းနောက်ကနေ ဘာလို့ လိုက်ဖမ်းနေကြတာလဲ"
ရှီယန်သည် ဤလူငယ်လေးအတွက် သူ့တွင် ဘာလို့ နူးညံ့ပျော့ပျောင်းသော စိတ်ရှိကြောင်း သူ့ကိုယ်သူ မသိပါ။ ဤခံစားချက်ကို သူ မဖော်ပြတတ်ပေ။ ဤလူငယ်လေးနဲ့ သူသည် အတွင်းစိတ်ရင်းနှီးသော ပတ်သက်ချိတ်ဆက်မှု ရှိပုံပေါ်၏။