Chapter 1163: မဟာအကြီးအကဲ ၈ယောက်
သဲများဂယက်ထနေသော ကန္တာရတွင် သဲ နှင့် မြေစိုင်များစုစည်း၍ ကြီးမားသောလက်ကြီးတစ်ခု ဖန်တီးကာ အာကာခွင်းလွန်းပျံ ၏ အလင်းတန်းကို ထုခွဲလိုက်သည်။ အကျိုးဆက်အဖြစ် အာကာခွင်းလွန်းပျံ ပျက်စီးသွားခဲ့သည်။
ထိုကဲ့သို့ သဲကန္တာရ၏ ရုတ်တရက် ကြမ်းတမ်းသော လှုပ်ရှားမှုက စီစီလျာ နှင့် ရှင်းယင်းယွီ တို့ကို ထိတ်လန့်သွားစေသည်။ သူတို့ ဖြူဖတ်ဖြူရော်ဖြစ်သွားကာ ကောင်းကင်ထိလုမတက် လေဆင်နှမောင်းများကို ကြည့်နေမိသည်။ သူတို့ အလွန်သိမ်ငယ်သွားသော ခံစားမှုမျိုးကြသည်။
ဘုန်း ဘုန်း ဘုန်း
အာကာခွင်းလွန်းပျံ သည် အစိတ်စိတ်မွှာမွှာ ပြိုကွဲသွားသည်။ ၎င်း၏အပိုင်းအစများမြေပေါ်သို့ကျလာသည်နှင့် တပြိုက်နက် သူတို့သည် ပြာမှုန့်များကဲ့သို့ လေနှင့်အတူကွယ်ပျောက်သွားသည်။သစ်ကြားသီးအရွယ် မီးခိုးရောင် အငွေ့များမှလာသော စူးစူးဝါးဝါးအသံသည် ရှီယန်၏ ရှေ့တွင်ပေါ်လာပြီး သူ၏ဝိဉာဉ်ကို အော်ဟစ်တိုင်တည်နေသည်။
ဗြောင်းဆန်နေသော ရှီယန်၏ ကိုယ်အတွင်းမှ စွမ်းအင်များ ရုတ်တရက် ငြိမ်သက်သွားသည်။ မည်သည့် အလင်းတန်းမျှ မထွက်ပေါ်လာခဲ့တော့ပေ။ သူသည် ဖြူဖတ်ဖြူရော်ဖြစ်ကာ သူ၏ရှေ့ရှိ လွန်းပျံဝိဉာဉ် နှင့် ဝိဉာဉ် အသိဖြင့်သာတွေ့နိုင်တော့သော တည်ဆောက်ပုံကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများ အေးစက်သွားသည်။အာကာခွင်းလွန်းပျံ ပျက်စီးသွားပြီဖြစ်သည်။
အာကာခွင်းလွန်းပျံ ကိုတည်ဆောက်ထားသော အစီအရင်နှင့် လွန်းပျံဝိဉာဉ် မှလွဲ၍ အရာအားလုံးသည် အမှောင်ကမ္ဘာမှ လက်ကြီးတစ်ခုက အကုန်ထုခွဲလိုက်သကဲ့သို့ ဖုန်မှုန့်များအဖြစ်ပျောက်ကွဲသွားခဲ့ပြီဖြစ်သည်။
အာကာခွင်းလွန်းပျံက ၎င်း၏တည်ဆောက်မှုကို ရဲရင့်စွာစိန်ခေါ်ခဲ့သဖြင့် လွန်းပျံဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ ၎င်းသည် ဆက်လက်တည်ရှိနေတော့မည်မဟုတ်ပေ။
"ငါ မင်းကိုထပ်မကူညီနိုင်တော့ဘူး" လွန်းပျံဝိဉာဉ်သည် ခွဲခွာရတော့မည့် ဝိဉာဉ်ကဲ့သို့သော လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။
"အဲ့ဒါအရမ်းကို ဆိုးရွားတယ်။ ဘာဖြစ်သွားလဲဆိုတာ ငါမသိဘူး။ ကြည့်ရတာ ငါ ဖန်ဆင်းရှင်ရဲ့စွမ်းအားတွေကို စိန်ခေါ်မိတယ်နဲ့တူတယ်။ မြင့်မြတ်တဲ့ကောင်းကင်က ငါ့ကိုအပြစ်ပေးခဲ့တာပဲ"