1128

316 38 0
                                    

Chapter 1128: မျှော်လင့်မထားသော ဖြစ်စဉ်

စိမ့်တောထဲ၌ သိုင်းသမားအုပ်စုတစ်ခုသည် သူတို၏ အော်ရာများကို လျော့ချပြီး အရှိန်လျော့လိုက်ကြသည်။ ရှေ့သို့ ဆက်သွားနေကြသော်လည်း ပိုပြီး တိုးတိုးတိတ်တိတ်နဲ့ ရွေ့လျားနေကြသည်။

ယွီမာန်သည် သူတို့ ခေါင်းဆောင်ဖြစ်သည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးနက်ထဲမှ လျှပ်စီးတန်းများ ထုတ်လွှတ်လိုက်သည်။ သူတို့ရှေ့ဘက်ကို ပိုမြင်နိုင်ရန် ကြိုးစားနေသည်။ သူ့ပုံစံသည် ဂရုတစိုက်နဲ့ သတိထားနေသည်။

မီအာ နဲ့ ဖာနန်ဒက် မိသားစုဝင်များက သူ့နောက်မှ လိုကအလာကြသည်။ မည်သူကမှ စိတ်မရှည်သည့်ပုံမပေါ်ကြပါ။ သူတို့အားလုံးက ယွီမာန်၏ ညွှန်ကြားမှုကို နာခံလိုက်နာကြသည်။ သူတို့အားလုံးက သူ့ကို ယုံကြည်ကြ၏။

"ဟိုင် သတင်းက မမှားဘူး" ယွီမာန်သည် ခဏတာ အာရုံခံကြည့်ပြီးမှ ရပ်လိုက်သည်။ သူတို့ရှေ့ရှိ ကန်ကို ကြည့်ပြီး ပြောလိုက်သည်။ "သိုင်းသမားအများစုက ဒီနေရာမှာ စုစည်းခဲ့ကြဖူးတယ်။ သူတို့အချင်းချင်း ခဏလောက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ပုံပဲ....."

ယွီမာန်သည် သူ့ခြေထောက်အောက်ရှိ လက်တစ်ဆုပ်စာ ရွှံကို ကောက်ယူပြီး သူ့လက်ချောင်းများကြား၌ ပွတ်တိုက်လိုက်သည်။ ထို့နောက် အနီးနားရှိ သစ်ပင်များကို ကြည့်ပြီး "အဲ့လူတွေက ဒီနေရာကို ပတ်ပတ်လည်ပြီး လျှောက်သွားခဲ့ကြတယ်။ ကြည့်ရတာ သူတို့ တစ်ခုခု စီစဉ်ထားခဲ့ကြပုံပဲ"

မီအာ အံ့အားသင့်သွားသည်။ ရုတ်တရပ် သူမ၏ ဖြူဝင်းချောမွတ်သော လက်မောင်းကို မြောက်ထားလိုက်သည်။

ဖာနန်ဒက်မိသားစုဝင်အားလုံးသည် ရပ်သွားကြပြီး သူတိုနေရာ၌ပက် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေကြသည်။ သူတို့သည် သတိအကြီးကြီးနဲ့ သူတို့ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။

"ရှင်ပြောချင်တာက သူတို့တွေ အစီအရင်တစ်ခုခု ချထားခဲ့နိုင်တယ်လို့ ပြောချင်တာလား" မီအာက မေးလိုက်သည်။

ယွီမာန်သည် ခေါင်းညိတ်ပြီး ထူထပ်သည့် အပင်ပုလေးများနှင့် စိုပြေသည့် သစ်ပင်ကြီးများရှိရာ သူတို့ရှေ့ရှိ မြေကြီးကို လက်ညိုးထိုးလိုက်သည်။ သူက အခိုင်အမာ ပြောလိုက်သည်။ "ခြေရာအချို့အရ အဲ့ဒီသစ်ပင်တွေက တစ်စုံတစ်ခုလုပ်ခံထားရတယ်။ သူတို့က တိတ်တိတ်လေး လုပ်ထားခဲ့ကြတာ။ ကံကောင်းစွာနဲ့ ငါက ဒီနေရာကို နှစ်ပေါင်းအများကြီး ရင်းနှီးကျွမ်းဝင်လာခဲ့တော့ ပြောင်းလဲမှုမှုသေးသေးလေးကိုတောင် ငါ မြင်နိုင်တယ်"

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)حيث تعيش القصص. اكتشف الآن