1115

305 42 0
                                    

Chapter 1115: ကောင်းကင်နှင့်မြေကြီးစွမ်းအင် ဖိနှိပ်ခြင်း

မီအာသည် စိမ့်တောထဲ၌ ရေခဲတောင်တန်းတစ်ခုပမာ မတ်တပ်ရပ်နေသည်။ ရှီယန်ကို အေးစက်စက် မျက်လုံးများနှင့် ကြည့်လိုက်သည်။

"နင် ဘာလို့ ဒီမှာ ဆက်နေတာလဲဆိုတာ ငါ သိချင်မိတယ်။ ခုနတုန်းက နင် ထွက်ပြေးလိုက်လို့ရတာပဲ။ နင့်မှာ အစီအစဉ် တစ်ခုခုရှိလို့လား" သူမ၏ စိတ်ထဲ လျှပ်ခနဲဖြစ်သွားပြီး ရှီယန်နဲ့ စတင်စကားပြောလိုက်သည်။

ရှီယန်သည် မီးတောင်တစ်ခုသဖွယ်ပင်။ သူ၏ ရက်စက်ကြမ်တမ်းသည့် အရှိန်အဝါသည် သိပ်သည်းပြီး ကြောက်စရာကောင်းသည်။ သူ့၌ အချိန်မရွေး ပေါက်ထွက်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေသည့်သဖွယ်ပင်။

သူတို့နှစ်ယောက်စလုံး ပုံစံပြောင်းသွားကြသော်လည်း မီအာသည် လူသားတစ်ယောက်၏ ခံစားချက်အရိပ်ယောင်တစ်စက်မျှ မရှိဘဲ အေးဆေးတည်ကြည်လှသည်။ ရှီယန်ကမူ စိတ်တိုနေသည့် သားရဲတစ်ကောင်ပမာ ကြမ်းတမ်းခက်ထန်နေသည်။ သူသည် အရိုင်းစိုင်းဆုံးမျက်နှာအမူအယာနဲ့ ရှိနေသည်။ သူတို့သည် လုံးဝကွဲပြားသည့် ဝင်းရိုးစွန်းဆုံးနှစ်ခုဖြစ်ကြသည်။

အကယ်၍ သူ ဒေါသမုန်တိုင်းတတိယအဆင့်သို့ မပြောင်းလည်းလျှင် သေခြင်းမဲ့မိစ္ဆာသွေး၏ ရူးလောက်သောဆူပွက်မှုကို ပျက်သုဉ်းခြင်းခံစားချက်များဖြင့် မျှဝေထိန်းချုပ်နိုင်မှာမဟုတ်ချေ။ ပျက်သုဉ်းခြင်းစွမ်းအင်များကို သူ တစ်ခါ ထုတ်သုံးလိုက်သည်နှင့် သူ အေးဆေးတည်ငြိမ်သွားနိုင်သည်။

သို့သော် မီအာနဲ့ တိုက်ခိုက်နေစဉ် သူသည် ပျက်သုဉ်းခြင်းစွမ်းအင်သို့မဟုတ် သေခြင်းနဲ့ရှင်ခြင်းစွမ်းအင်အသိကို အသုံးမပြုလိုပါ။ သူသည် သွေးသောက်ရှစ်ယောက်မျိုးဆက်နှင့် ဆက်နွှယ်သည့် အစွမ်းအစများကို အသုံးမပြုရန် ကြိုးစားနေသည်။

အကယ်၍ သူ တတ်ထားသည့် ပညာရပ်မှန်သမျှကို အသုံးပြုလိုက်လျှင်တောင် မီအာကို သတ်နိုင်လိမ့်မည်လား ရှီယန်မသေချာပါ။ တစ်ချိန်တည်း၌ သူ ဘယ်သူလဲဆိုသည်ကို ထုတ်ဖော်လိုက်သလိုဖြစ်သွားမည်ဖြစ်သည်။ ထို့နောက် မီအာက သူ ဘယ်သူဆိုသည်ကို သိသွားလျှင် တခြားအရာများအားလုံး ဘေးဖယ်ပြီး သူ့ကို သတ်ရန် နတ်ဘုရားကလန်ဝင်များအားလုံးကို ဤနေရာ၌ စုစည်းလိုက်မည်ဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now