1186

327 43 0
                                    

Chapter 1186: နတ်ဘုရားလှေနှင့် သွေးနီဓါး

ကမ္ဘာ့သစ်ပင်ပေါက်ဖွားသည့်နေရာ ကြီးမားကျယ်ဝန်းပြီး မှုန်ဝါးနေသော ကမ္ဘာတွင် စကြာဝဠာတစ်ခုလုံး၏ ယခုလက်ရှိမျိုးဆက်မှ ထင်ရှားအကျော်ကြားဆုံး သိုင်းသမားများအားလုံးနီးပါးသည် တစ်ယောက်နှင့်တစ်ယောက် အသေအကြေတိုက်ခိုက်နေကြသည်။ သူတို့သည် ကမ္ဘာဦးသစ်သီးနှင့် သူတို့၏ ကိုယ်စီကလန်များ နောင်နှစ်ပေါင်းတစ်သောင်းကျော်ထိ ကြွယ်ဝချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။

ဤတိုက်ပွဲသည် သူတို့အားလုံးအတွက် အလွန်အရေးပါနေသည်။ အနိုင်ရသူသည် ဘုရင်ဖြစ်လာပြီး ရှုံးနိမ့်သူများသည် အနိုင်ရသူရှေ့၌ နောက်ထပ်နှစ်ပေါင်းတစ်သောင်းကျော်ထိ ဒူးထောက်နေရမည်ဖြစ်သည်။

ဟိုင်၏ စွမ်းအင်အသိဖြင့် ဖန်တီးထားသော စိတ်ကူးယဉ်ကမ္ဘာတွင် ရှီယန်သည် သူ့ကိုယ်ပိုင်သွေးပင်လယ်ကြီးထဲ၌ သေသပ်စွာ မတ်တပ်ရပ်နေသည်။ သွေးပင်လယ်ကြီးသည် သူ၏ စေးပျစ်သော လှိုင်းများကို အလိမ့်လိမ့် လှိုင်းထစေသည်။ အလွှာတစ်ခုပေါ်တစ်ခု ထပ်သွားပြီး ၎င်းက နီရဲနေသော မျက်နှာပြင်ထက်၌ သူ လွင့်မျောနေစေရန် ထောက်ကန်ပေးထားသည်။

သူ့ခေါင်းထက်၌ လင်းလက်တောက်ပသော ပြင်ပဟင်းလင်းပြင်စီးကြောင်းများသည် ကြယ်အလင်းတန်းများပမာ အချင်းချင်းဖြတ်သွားကြပြီး ကောင်းကင်ထက်၌ ဆန်းပြားသည့် ပုံစံကားချပ်များကို ရေးဆွဲလိုက်သည်။ ထိုအရာများသည် ရှုပ်ထွေးဆန်းကြယ်ပြီး အမြဲတည်ရှိနေမယ့်စကြာဝဠာ၏ အနှစ်သာရကို ဖုံးကွယ်ထားကြသည်။

သွေးရောင်မြူဆိုင်းများသည် စကြာဝဠာထက်တွင် ရပ်တန့်နေကြပြီး ပျက်သုဉ်းခြင်း စွမ်းအားစုကြီးက ထိုနေရာကို အကြီးအကျယ် ဖျက်ဆီးနေသည်။

ရမ်းကားကြမ်းတမ်းမှု ၊ မကျေမချမ်းဖြစ်မှု ၊ ကြောက်လန့်မှု ၊ သွေးဆာမှု နဲ့ တခြားမကောင်းသည့်ခံစားချက်များသည် လူ့စိတ်ထဲက အတောမသတ်နိုင်သည့် ဆိုးယုတ်မှုများ၏ ဥပမာများဖြစ်ကြသည်။ ထိုအရာများက သူတို့၏ နှလုံးသားများကို နည်းနည်းချင်းစီ တိုက်စားပြီး သူတို့၏ ဝိဉာဉ်များကို ညစ်ပတ်သွားစေနိုင်သည်။ ထိုအရာများက လူတို့ကို အေးစက်ပြီး အလွန်တိတ်ဆိတ်သည့် အကျဉ်းထောင်သို့ ပို့ပေးနိုင်ပြီး ငရဲသစ်ငုတ်ဘဝအဖြစ် ထာဝရထိန်းချုပ်ခံရအောင် လုပ်နိုင်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now