1102

324 47 0
                                    

Chapter 1102: ကြယ်တာရာနယ်မြေများ၏ အခြေအနေအရပ်ရပ်

အင်ပါယာယန်ခန်းဒီ ပြန်လည်နေကောင်းရေးသည် သက်တန့်မိစ္ဆာပန်းပွင့်အပေါ်မူတည်၏။ ရှီယန် ဤရှေးဟောင်းတိုက်ကြီးသို့ လာရသော အဓိကအကြောင်းလည်းဖြစ်သည်။ ဤမိစ္ဆာပန်းပွင့်က အင်ပါယာယန်ခန်းဒီ၏ ဦးခေါင်းထဲရှိ ဝိညာဉ်စားဖြုတ်ကောင်များကို ဆေးကြောပေးနိုင်သည်။ မီအာထံမှ ပန်းပွင့်အကြောင်းကြားသောအခါ သူ့စိတ်ပြောင်းလည်းသွားသည်။

စိုထိုင်းသော နွံပြင်တွင် ရှီယန်နှင့် ရှန်းယင်းယွီတို့က သူတို့၏ အော်ရာများကို ဖုံးကွယ်ထားသဖြင့် သူတို့၏ တည်ရှိမှုကို ဘယ်သူမှ မသိနိုင်ပါ။ သူတို့နှစ်ယောက်က ပိုင်ဟောက်နှင့် မီအာတို့သွားရာလမ်းသို့ ကိုယ်ပျောက်ဝိညာဉ်နှစ်ကောင်သဖွယ် လမ်းလျှောက်သွားကြသည်။

တစ်ခါတစ်ရံတွင်ရှန်းယင်းယွီက အခြေအနေများကို သူ့အားရှင်းပြသည်။
ရှီယန်၏မျက်နှာက ပိုမိုပြီးလေးနက်လာခဲ့သည်။ ရှန်းယင်းယွီိထံမှ ဤစကြ၀ဠာအကြောင်း ပိုသိလာသည်။

မိုးစက်မီးလျှံကြယ်တာရာနယ်မြေ၊ အာဂါတေးကြယ်နယ်မြေတို့နှင့်မတူပဲ ဆန်းကြယ်မြူခိုးကြယ်နယ်မြေသည် ဤကျယ်ပြောသောစကြ၀ဠာကြီးအတွင်း အင်အားအကောင်းဆုံးသော ကြယ်နယ်မြေတစ်ခုဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် ထိုကြယ်နယ်မြေတွင် ထင်ရှားသောကွဲပြားခြားနားမှုတစ်ရပ်လည်းရှိ၏။ ၎င်းက ဆန်းကြယ်မြူခိုးကြယ်နယ်မြေသည် ပိတ်ထားသောကြယ်နယ်မြေတစ်ခုမဟုတ်ခဲ့ပါ။

အာဂါတေးကြယ်နယ်မြေ၊ မိုးစက်မီးလျှံကြယ်နယ်မြေတို့သည် ယေဘုယျအားဖြင့် ကနဦးနတ်ဘုရားအဆင့်သိုင်းပညာရှင်များ နေထိုင်ကျင့်ကြံသော အဆင့်မြင့်ကြယ်နယ်မြေများဖြစ်ကြသည်။

သို့သော် အချို့သောအကြောင်းပြချက်များကြောင့် ထိုကြယ်နယ်မြေများအကြား ဟင်းလင်းပြင်အတားအဆီးများရှိခဲ့သည်။ အခြားကြယ်နယ်မြေများနှင့်ဆက်သွယ်သော အာကာသလမ်းကြောင်းများ အားလုံးနီးပါး ပိတ်ဆို့နေခဲ့ကြသည်။ အကျိုးဆက်က ကြယ်နယ်မြေနှစ်ခုသည် တံခါးပိတ်ဝါဒကျင့်သုံးသောကြောင့် အခြားနယ်မြေများနှင့် အဆက်အသွယ်ပြတ်သွားသည်။ သူတို့လိုအပ်သောပစ္စည်းကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲသည်။
သူတို့သည် ပြင်ပလောကနှင့် အဆက်အသွယ်မရှိကြသောကြောင့် ကျယ်ပြန့်သောစကြ၀ဠာအပေါ် နတ်ဘုရားကလန်၏ ခြိမ်းခြောက်မှုမည်မျှကြီးမားသည်ကို သေချာမသိရှိကြပါ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Onde histórias criam vida. Descubra agora