Chapter 1060: လီအိုနာ၏ ဦးဆောင်မှု
အာဂါတေးကြယ်နယ်မြေနဲ့ ရှေးဟောင်းနတ်ဘုရားကြယ်နယ်မြေကို ချိတ်ဆက်ပေးသော ဟင်းလင်းပြင်လမ်းကြောင်းထဲ၌ အပြင်းထန်ဆုံးတိုက်ပွဲသည် စတင်နေပြီဖြစ်သည်။ ဤတိုက်ပွဲတွင် နှစ်ဖက်လုံးက စွမ်းအားအများကြီး ထုတ်မသုံးကြသေးပါ။ ၎င်းကို အသေးစားတိုက်ပွဲတစ်ခုဟုသာ သတ်မှတ်နိုင်သည်။ သို့သော် ၎င်းတိုက်ပွဲ၏ အကျိုးသက်ရောက်မှုက အာရုံစိုက်မှုအများကြီး ရသွားစေနိုင်သည်။
ကနဦးနတ်ဘုရားအဆင့်ရောက် သိုင်းပညာရှင်ခြောက်ယောက်၏ တိုက်ပွဲလှိုင်းသည် အလွန်ပြင်းထန်သဖြင့် ဟင်းလင်းပြင်လမ်းကြောင်းကို ဖျက်ဆီးလုနီးပါးဖြစ်နေသည်။ စွမ်းအားအစအနများကို ဦးတည်ချက်မရှိ ထုတ်လွှတ်နေကြပြီး လူတွေကို ကြောက်လန့်စေကာ ၎င်းကို ခုခံရန် ဂရုစိုက်နေရသော ဖိအားကို ဖြစ်ပေါ်စေသည်။
တခြားသိုင်းသမားများသည် ကနဦးနတ်ဘုရားအဆင့် သိုင်းပညာရှင်များ တိုက်ခိုက်နေသော နေရာကို ရှောင်ရှားနိုင်လောက်အောင်ထိ သတိရှိကြသည်။ အကယ်၍ သူတို့သည် သတိမထားမိဘဲ ရိုက်ခတ်ခံရလျှင် သူတို့ဝိဉာဉ်များ ပျောက်ကွယ်သွားနိုင်သည်။
အမှောင်ရိပ်ကလန်သည် နတ်ဘုရားကလန်၏ လက်ပါးစေဖြစ်သည်။ သို့သော် သူတို့သည် သရဲအရိပ်အကျဉ်းထောင်တွင် နှစ်ပေါင်းအများကြီး မသိသာအောင် နေနိုင်ခဲ့ကြပြီး အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်သော တိုက်ခိုက်ရေးအဖွဲ့အစည်းကို တိုက်ခိုက်နိုင်ကြသည်။ ထိုအချက်က သူတို့သည် သာမာန်မဟုတ်ကြောင်းကို ပြဿနေသည်။
တိုက်ခိုက်ရေးအဖွဲ့အစည်းကဲ့သို့ အမှောင်ရိပ်ကလန်သည် တိုက်ခိုက်ရာတွင် အလွန်တော်သောသော အင်အားစုဖြစ်ကြသည်။ သူတို့၏ သိုင်းပညာရှင်များသည် မြေခွေးဦးခေါင်း၀င်္ကဘာကို ပုံဖော်ကြသည်။ ၎င်းသည် မြန်မြန်ဆန်ဆန်နဲ့ လွယ်လင့်တကူ ပြောင်းလဲနိ်ုင်သည်။ သူတို့သည် ထူးခြားဆန်းကြယ်စွာ လှုပ်ရှားကြသော်လည်း အခြေအနေတစ်ရပ်လုံးနဲ့ အင်အားကြီးသော တိုက်ခိုက်မှုစွမ်းရည်ကို အမြဲသတိထားနိုင်ကြသည်။