Chapter 1173: ဘယ်သူဖြစ်ဖူး ခဲ့သလဲ
ရွမ်ရှန်း၏ သွေးအရိုးများသည် အရိုးမှုန့်အဖြစ်ပြောင်းသွားက ဟာဆွန်၏နတ်ဘုရားခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွားသည်။
ဟာဆွန်၏ ပျက်စီးသွားသော ဝိဉာဉ်မှာတဖြည်းဖြည်းစုစည်းလာသည်။ အလောင်းကောင်ကီများသည် သူ၏အနားတွင် ရစ်ပတ်နေကာ လူတွေအား စိတ်ကျစရာ ကြောက်မက်ဖွယ် ခံစားမှုမျိုးပေးသည်။အလောင်းကောင် သို့မဟုတ် လူသေတစ်ယောက် တဖြည်းဖြည်းနိုးထလာသကဲ့သို့ဖြစ်နေသည်။
" ကိစ္စတွေသေချာစဉ်းစားကြည့်မယ်ဆိုရင် နတ်ဘုရားကလန်ရဲ့ အဲ့ဒီနှစ်က သေနိုင်တဲ့ထောင်ချောက် လေ့ကျင့်မှုပြီးတော့ ဟာဆွန်က သန့်စင်မနေတော့ဘူး။ သူ့ရဲ့ ဝိဉာဉ်က ရွှမ်ရှန်းရဲ့ ဝိဉာဉ်နဲ့ပေါင်းစည်းမိသွားပြီး အဲ့တာက ဟာဆွန်ကို အသန့်စင်ဆုံးသန်မာတဲ့ စိတ်ဓာတ်ကိုပေးစေသည်။ သူနဲ့ ရွှမ်ရှန်းရဲ့ ဖျောက်ဖျက်မရတဲ့ ဝိဉာဉ်ရိုင်းက ပေါင်းစပ်သွားပြီးပြီ" လက်စွပ်ဝိဉာဉ်၏အသံသည် ရိုးရှင်းသောအချက်များကို ထောက်ပြနေသကဲ့သို့ မည်သည့်ခံစားချက်မှမပါဘဲရှင်းပြနေသည်။
"သေခြင်းစွမ်းအားအပြင် ရွှမ်ရှန်းက ဖရဲဒရစ် ထိန်းချုပ်တဲ့ အလောင်းကောင် ကီကိုလည်း တတ်မြောက်ထားတယ်" လက်စွပ်ဝိဉာဉ်က ဖြည့်စွက်ပြောလိုက်သည်။ "ချက်တာရစ် မိသားစုက ရွှမ်ရှန်းရဲ့ အားကြီးတဲ့ သေခြင်းအစွမ်းတစ်ခုတည်းကိုပဲ အားထုတ်ထားတယ်။ သူ့ရဲ့ တခြားစွမ်းအင်တွေကို တွန်းအားပေးလို့မရဘူး။ ဒီနေ့မှာတော့ ဒီစွမ်းအင် နဲ့ အရိုးမှုန့်က ဟာဆွန်ရဲ့ကိုယ်ထဲဝင်သွားပြီ။ သူ နိုးထလာရင် သူက ပိုပြီးသန်မာလာတော့မယ်"
"အာ ဒါဆို သူက အသက်ရှင်နေတာလား သေနေတာလား။ သူက နတ်ဘုရားကလန်ကလူလား အလောင်းကောင်ကလန်ကလူလား" ရှီယန် အံသြ သွားသည်။ "သူကတော့ ဟာဆွန်ဖြစ်နေတုန်းပဲ။ ရွှမ်ရှန်းရဲ့ အရိုးစုက သေခြင်းစွမ်းအင်တွေသုံးလို့ကုန်သွားတော့ အလောင်းကောင်ကီပေါ်လာတာပဲ။ ဟုတ်တာပေါ့။ လူသေတွေက အလောင်းကောင်ဖြစ်လာမှာပဲလေ။ ဘာပဲဖြစ်ဖြစ် သေခြင်းစွမ်းအင်နဲ့ အလောင်းကောင်ကီ က တစ်ခုနဲ့ တစ်ခု ဆက်နွယ်မှုရှိတယ်။ သွေးသောက်အင်အားစုက ရွှမ်ရှန်းတစ်ယောက်တည်းသာ အဲ့နှစ်မှာ အဲ့ဒီ ဆက်စပ်မှုသဘောတရားကို နားလည်သဘောပေါက်ခဲ့တယ်။ အဲ့တာကြောင့်ပဲ သူက သူမတူအောင်ထူးချွန်လာခဲ့တယ်။ ဒါကြောင့်ပဲ သူက ငါ့ရဲ့ မှတ်ဉာဏ် အပိုင်းတစ်ခုကို ထိန်းသိမ်းထားနိုင်တာပေါ့"