Chapter 1195: ရေငွေ့ကြယ်
ဆန်းကြယ်မြူခိုးကြယ်နယ်မြေ သည် မိုးစက်မီးလျှံကြယ်နယ်မြေ နှင့် အာဂါတေးကြယ်နယ်မြေတို့နှင့် ဘေးချင်းကပ်တွင် တည်ရှိသည်။ ထိုနယ်မြေသည် နေရောင်ခြည်ကိုပင် တားဆီးထားနိုင်သည့် မီးခိုးရောင်မြူခိုးများနှင့် လွှမ်းမိုးထားသော နေရာတစ်ခုဖြစ်သည်။
ဆန်းကြယ်မြူခိုးကြယ်နယ်မြေ ၏ အင်အားအကြီးဆုံးအဖွဲ့အစည်းသည် မီးမခအင်အားစုဖြစ်သည်။ ထိုအဖွဲ့အစည်းသည် ဆန်းကြယ်မြူခိုးကြယ်နယ်မြေ ၏ ကြီးမားသော ကလန်များက ကြယ်နယ်မြေတစ်ခုလုံးကို စီမံအုပ်ချုပ်ရန် ဖွဲ့စည်းထားသည့် အလွန်စည်းလုံးကြသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မီးမခအင်အားစု တည်ရှိမှုကြောင့် ဆန်းကြယ်မြူခိုးကြယ်နယ်မြေတွင် တိုက်ပွဲမဖြစ်ပွားသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ နေရာတိုင်းက အင်အားစုများသည် စည်းလုံးကြသည်။
အာဂါတေးကြယ်နယ်မြေနှင့် မတူဘဲ ဆန်းကြယ်မြူခိုးကြယ်နယ်မြေသည် စကြာဝဠာနဲ့ အနီးကပ်ဆုံး ချိတ်ဆက်ထားသည်။ ထိုနေရာတွင် သမုဒ္ဒရာပိုင်နက်ဟု ခေါ်သည့် နေရာတစ်ခုရှိသည်။ ထိုနေရာတွင် တခြားကြယ်နယ်မြေများသို့ ခေါ်ဆောင်ပေးသည့် ဟင်းလင်းပြင်လမ်းကြောင်းအများအပြားရှိသည်။
သမုဒ္ဒရာပိုင်နက်သည် သရဲအရိပ်အကျဉ်းထောင်၏ ဖရိုဖရဲဖြစ်နေသော ဟင်းလင်းပြင်ချိုင့်ဝှမ်းနဲ့ တူညီသည်။ ထိုနေရာတွင်လည်း သက်ရှိကြယ်အများအပြားရှိသည်။ ထိုသက်ရှိကြယ်များတွင် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် စစ်သင်္ဘောများ အများအပြားရှိသည်။ အချို့သည် သားရဲအရိုးများဖြင့် လုပ်ထားခြင်းဖြစ်ပြီး အချို့သည် တိရိစ္ဆာန်များ သို့မဟုတ် ငှက်ပုံသဏ္ဍာန်ပင် ရှိကြသည်။ အချို့သည် သစ်သားများဖြင့် လုပ်ထားဟန်ပေါ်ပြီး ထိုစစ်သင်္ဘောများသည် အလွန်ကြီးမားကြသဖြင့် မီတာသောင်းပေါင်းချီထိပင် ရောက်နိုင်ကြသည်။ အဝေးမှကြည့်လျှင် သူတို့သည် ဧရာမဥက္ကာခဲများနဲ့ပင် တူနေသည်။
စစ်သင်္ဘောအများအပြားသည် သက်ရှိကြယ်များနားတွင် ကမ်းစိုက်ထားကြသည်။ ဟင်းလင်းပြင်နေရာလပ်တွင် ရပ်တန့်နေသည့်စစ်သင်္ဘောများလည်း ရှိသည်။ သမုဒ္ဒရာပိုင်နက်သည် စစ်သင်္ဘောအများအပြား သွားလာရွေ့လျားနေကြသည့် အလွန်ရှုပ်ထွေးသော နေရာဖြစ်သည်။