Chapter 1035: တိုက်ပွဲ၀င်ခန္ဓာ
ရှေးဟောင်းမိစ္ဆာနတ်ဘုရားပုံရိပ်ယောင်ကြီးများသည် တစ္ဆေအမှတ်အသားကလန်၀င်များ၏ ခန္ဓာနှင့် ဝိညာဉ်ကို ကျူးကျော်တိုက်ခိုက်နေကြဆဲဖြစ်သည်။ ထို ရှေးဟောင်းမိစ္ဆာနတ်ဘုရားပုံရိပ်ကြီးများက ဓါးနီကြီး၏ မျက်လုံးမှ ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ၎င်းတို့တွင် အလွန်ဆိုးယုတ်သော မကောင်းဆိုးဝါးစွမ်းအင်များ ပိုင်ဆိုင်ထားဟန်ရသည်။ သူတို့က တစ္ဆေအမှတ်အသားကလန်သိုင်းသမားတစ်ယောက်ကို သတ်လိုက်ပြီးလျှင် သူ့ထံမှ ပျက်သုဉ်းခြင်းခံစားချက်များအားလုံးကို စုပ်ယူသွားသည်။ ရှေးဟောင်းမိစ္ဆာနတ်ဘုရားပုံရိပ်ယောင်များက ထိုနည်းဖြင့် ခွန်အားပြည့်လာကြသည်။
မီးတောင်ပေါက်၀သည် သေခြင်းကီအနှစ်သာရများဖြင့် လွှမ်းထုံနေသည်။ မမြင်ရသော စွမ်းအင်စီးကြောင်းများအဖြစ် ရှီယန့်ခန္ဓာကိ်ုထဲ လှိမ့်၀င်နေကြသည်။
သူ့တစ်ကိုယ်လုံးမှ သွေးကြောဆုံမှတ်များအားလုံး ရောင်ကိုင်းနေသည်။ စွမ်းအင်များကို ဖွင့်ဖောက်မထုတ်ရလျှင် သူ နေလို့ကောင်းတော့မည်မဟုတ်ချေ။
ကြည့်ရတာ သူ့အတွက် အကန့်သတ်မဲ့ စွမ်းအင်အရင်းအမြစ်တစ်ခု ရှိနေပြီဖြစ်သည်။ ဒါကို သူအသုံးမချလျှင် ဘေးထွက်ဆိုးကျိုးကို သူခံစားရတော့မည်။ရှီယန် ကောင်းကင်သို့ မော့ကာ ဟစ်အော်လိုက်သည်။ သူ၏ ရိုင်းစိုင်းကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များကို ဆက်လက်ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါ။ သူ ကောင်းကင်ထက်သို့ ခုန်တက်သွားသည်။ တစ္ဆေအမှတ်အသားကလန်သိုင်းသမားများ စုဝေးနေရာသို့ ကျသွားသည်။
ဆေးနှင့်ကိရိယာစံအိမ်နှင့် မုန်တိုင်းတပ်ဖွဲ့မှ လူများ ထိတ်လန့်သွားကြသော်လည်း စိုးရိမ်ပူပန်ခြင်းထက် ပျော်ရွှင်ခြင်းက ပိုများသည်။
ဖုဝေ့၏ နုနယ်သော ကိုယ်လုံးလေး တုန်ယင်လာသည်။ သူမ၏ ပျိုမြစ်သောနှလုံးသားသည် စိတ်လှုပ်ရှားမှုဖြင့် ခုန်လှုပ်နေခဲ့သည်။ တိုက်ပွဲ၀င်နေသော ရှီယန်ကိုကြည့်ရင်း သူမ၏မျက်၀န်းများ စိုလဲ့လင်းဖြာလာသည်။