Chapter 1200: ဘုရင်ပြန်ရောက်လာပြီ
ယနေ့တွင် သွေးတစ္ဆေကြယ်သည် အခြားသောနေ့ရက်များနှင့် လုံးဝကွဲပြားနေသည်။
ကြယ်၏အပြင်ဘက်တွင် များစွာသော စစ်သင်္ဘောများ ကျောက်ချထားသည်။ ၎င်းတို့သည် ပုံစံအမျိုးမျိုး တည်ဆောက်ပုံအမျိုးမျိုးရှိသည်။ အချို့သည် အက်ကွဲနေသည်။ အချို့သည် ဆိုးရွားသော ထိခိုက်မှုတစ်ခုပြီးနောက်ပြန်ပြင်ထားသကဲ့သို့ ဖြစ်နေသည်။
အမျိုးမျိုးသော မျိုးနွယ် နှင့် အင်အားစုများမှ စစ်သည်များသည် သွေးတစ္ဆေကြယ်ဝန်းကျင်တွင် ပြန်ကျဲနေသည်။ သွေးတစ္ဆေကြယ်တွင် လူဦးရေထူထပ်နေသကဲ့သို့ဖြစ်စေသည်။ အကြီးဖြစ်စေ အသေးဖြစ်စေ နေရာကို မျှဝေကာ ကျင့်ကြံနေထိုင်ကြသည်။
ရှီယန်သည် သွေးတစ္ဆေကြယ်ကို မဝင်ရောက်ခင်ကပင် ထိုကြယ်သည် တင်းကြပ်စွာ စောင့်ကြပ်ထားသည်ကို တွေ့ခဲ့ရသည်။ များစွာသော စစ်ရထားများ လေထုထဲတွင် လှည့်လည်နေကြသည်။ ဝိဉာဉ်အသိများသည် ကောင်းကင်တွင် ပိုက်ကွန်တစ်ခုသဖွယ် ဝဲပျံနေကြသည်။
ရှီယန်သည် သူပင် မပုန်းကွယ်နိုင်ဟုထင်ရစေသည်။လက်ရှိတွင် သွေးတစ္ဆေကြယ်သည် အာဂါတေးကြယ်နယ်မြေရှိ တပ်ဖွဲ့များ၏ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်လာသည်။ ကြယ်စုတစ်ဝှမ်းရှိ တပ်ဖွဲ့များနှင့် မျိုးနွယ်စုများသည် ထိုနေတွင် စုဝေးရောက်ရှိနေကြသည်။ သူတို့သည် နတ်ဘုရားကလန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
ထိုအချိန်အတွင်းတွင် ကောင်းသော ဆိုးသော လူပေါင်းစုံ ကို နတ်ဆိုးသွေးကြယ်တွင် တွေ့နိုင်သည်။ သူတို့သည် နတ်ဘုရားကလန်၏ ကြီးမားသောဖိအားကိုခံနေရသော်လည်း သွေးတစ္ဆေကြယ်သို့ရောက်နေသော စစ်သည်များသည် စိတ်မရှည်ကြသူများဖြစ်ကြသည်။ သူတို့အချင်းချင်း စကားတစ်လုံးကြောင့်ပင် တိုက်ခိုက်နိုင်ကြသည်။ များပြားသောဖိအားသည် လူများ၏အာရုံကြောများကို ပေါက်ကွဲလုမတတ် ဖြစ်နေသည်။ ယနေ့တွင် သူတို့သည် အစွန်းတွင်ရပ်နေကြပြီး အချိန်မရွေးပြုတ်ကျနိုင်ကြသည်။