Chapter 1088: ဝိညာဉ်ဖျက်ပိုး
ရှန်းချန်က ဤနေရာ၌ တစ်နာရီဝန်းကျင်လောက်သာ နေသွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ၎င်းတစ်နာရီအတွင်း အာဂါတေးကြယ်နယ်မြေ နဲ့ မိုးစက်မီးလျှံကြယ်နယ်မြေ၏ သိုင်းပညာရှင်အများစုသည် သူ့မန္တာန်အောက်၌ ကျရောက်သွားကြသလိုပင်။ ဖြစ်လာမည့် တိုက်ပွဲအား တားဆီးရန် ဆုံးဖြတ်ချက်ချလိုက်ကြ၏။
မြန်မြန်ဆန်ဆန်ပင် ထိုနေရာ၌ ရှိနေသော သိုင်းသမားများအားလုံး လူစုကွဲသွားကြသည်။ ကုဟဲသည် ကျမ်းစာကို ယူပြီး သူ့စစ်သင်္ဘောများကို မောင်းနှင်သွားသည်။ ရေခဲကလန် ၊ မီးကလန် နဲ့ သလင်းကျောက်ကလန်မှ သိုင်းသမားများသည် သူနဲ့အတူ ထွက်သွားကြ၏။ နတ်ဘုရားအလင်းဂိုဏ်းမှ ကျူးပို ၊ ဆန်နာ နဲ့ ကျိယောင်တို့သည် ခေတ္တဆွေးနွေးပြီး နတ်ဘုရားအလင်းဂိုဏ်း၏ ဌာနချုပ်သို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ကြသည်။ အနာဂတ်၌ ဖြစ်လာမည့် ပြင်းထန်သည့် တိုက်ပွဲအတွက် သူတို့ စတင်ပြင်ဆင်ရမည်ဖြစ်သည်။
သွေးတစ္ဆေ ၊ ယွီရှန် နဲ့ ရှောင်အန်တို့သည် မိုးစက်မီးလျှံကြယ်နယ်မြေ၏ သိုင်းသမားများနဲ့အတူ သူတို့အစီအစဉ်အား အနှစ်ချုပ်ပြဌာန်းနိုင်ရန် ဆွေးနွေးကြသည်။ လီအိုနာက မွန်းစတားကလန် ၊ မိစ္ဆာကလန် နဲ့ မိုးစက်မီးလျှံကြယ်နယ်မြေအား သူတို့၏ စစ်သည်များကို လေ့ကျင့်ပေးရန် စီစဉ်ကူညီပေးလိမ့်မည်။
ယွီရှန် နဲ့ ရှောင်အန် တို့သည် ဘန်နီကိုလည်း အလွန်သဘောကျကြသည်။ ထို့ကြောင့် အနာဂတ်၌ ဖြစ်လာမည့် တိုက်ပွဲကြီးအတွက် ပြင်ဆင်ရန် လေ့ကျင့်နေချိန်၌ မိုးစက်မီးလျှံကြယ်နယ်မြေ၏ စစ်သည်များအား ကူညီပေးရန် ဘန်နီကိုပါ တောင်းဆိုလိုက်ကြသည်။
ရှန်းချန်၏ စကားများသည် မရေရာဘဲ အလွန်ကွာဝေးသေးသည့်ဟန်ပေါ်သည်။ သို့သော် ဘယ်သူကမှ သူ့ကို သံသယမဝင်ရဲကြပါ။ သူ့စကားများအား အမှန်တရားအဖြစ် မှတ်ယူကြပြီး သူတို့၏ အစီအစဉ်နဲ့ နည်းဗျူဟာများအတွက် အခြေခံမူဘောင်အဖြစ် သတ်မှတ်လိုက်ကြသည်။
ကံကြမ္မာခရီးသည် ရှန်းချန်သည် အဆန်းကြယ်ဆုံးနိမိန်ဖတ်သူ အဖြစ် ရပ်တည်ပြီး အာဂါတေးကြယ်နယ်မြေ၌ နှစ်ပေါင်းအများကြီး အလုပ်လုပ်ခဲ့ပြီဖြစ်သည်။ သူ့အနာဂတ်ဟောပြောမှုများသည် ဘယ်တုန်းကမှ မမှားခဲ့ဖူးပါ။