1096

297 43 0
                                    

Chapter 1096: အသေသတ်တိုက်ကွက်

“ကျုပ် ခင်ဗျားကို ကျေးဇူးတင်နေတာပါ။ ဘာလို့တောင်းပန်နေရတာလဲ”

ရှီယန်အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ သူက စိတ်အားထက်သန်စွာ တောင်းလိုက်သည်။ “ကျုပ် အတည်ပြောနေတာပါ။ အဲ့ဒီ အဆိပ်ပိုးမွှားတွေနဲ့ အဆိပ်ကောင်တွေက ကျုပ် အတွက် အကျိုးရှိတယ်။ ခင်ဗျား ကျုပ်အတွက် အဲ့ဒါတွေကို လက်လွှတ်ပေးမယ်ဆိုရင် ကျုပ် ကျေးဇူးတင်နေမှာပဲ”

ရှားကျောက် သွေးဆုတ်သွားသည်။ သူ တိတ်တိတ်လေး ကျိန်ဆဲလိုက်ပြီး ရှီယန် မိသားစု၏ မျိုးဆက်ဆယ့်ရှစ်နှစ်စာလောက်ထိ မေတ္တာပို့ပေးလိုက်သည်။

ယခုအချိန်ထိ ရှီယန်၏ အသိပင်လယ်မှ ရုတ်တရပ် ထွက်လာသော အနက်ရောင်ပုလဲသည် ဘာလဲဆိုသည်ကို သူ မသေချာသေးပါ။ ၎င်းပုလဲသည် သူ့အဆိပ်ရှိအကောင်သူငယ်ချင်းလေးများ၏ ပျက်စီးကိန်းဖြစ်သည်။ ထိုပုလဲက သူတို့အားလုံးကို မြိုချလိုက်သည့်အခါ သူ အံ့အားသင့်သွားသည်။

သူ၏ မိစ္ဆာပိုးမွှားနဲ့ အဆိပ်ရှိသတ္တဝါသန်းပေါင်းများစွာထဲတွင်မှ လူတို့၏ ဝိဉာဉ်ထဲသို့ ကျူးကျော်ဝင်ရောက်နိုင်သည်အထိ ဖွံ့ဖြိုးပြီးသော အကောင်ရာပေါင်းအနည်းငယ်သာ ရှိသည်။ သူတို့တစ်ကောင်ချင်းစီသည် အဖိုးတန်ပြီး ရှားပါးသည်။ ၎င်းတို့ကို သူ့ဘဝအမြစ်များပမာ သူ ချစ်ခဲ့သည်။

တခြားသူ၏ ဝိဉာဉ်ထဲသို့ ကျူးကျော်ဝင်ရောက်နိုင်သော အသိဉာဏ်ရှိသည့် မိစ္ဆာပိုးမွှားများနဲ့ အဆိပ်ရှိသတ္တဝါများသည် အစစ်အမှန်ဂူကောင်၊ ဒဏ္ဍာရီလာ ဂူကောင်များဖြစ်ကြသည်။ ၎င်းတို့သည် ဂူနတ်ဘုရားဂိုဏ်း ၏၏ အောက်လမ်းအတတ်ပညာကို ကျင့်ကြံသော အောက်လမ်းသိုင်းသမားများအတွက် ဘ၀လမ်းစဉ်လည်းဖြစ်ကြသည်။ ဂူကောင် တစ်ကောင်ကို သူ့ပုံစံမပြောင်းလဲနိုင်ခင်အထိ ပျိုးထောင်စောင့်ရှောက်ရန် ကြိုးစားအားထုတ်မှုနဲ့ ပစ္စည်းအများအပြားလိုအပ်သည်။ ဂူကောင်များသည် ဂူနတ်ဘုရားဂိုဏ်း၀င်တို့၏ ခွန်အားပင်ဖြစ်သည်။

ယခု သူ၏ ထိပ်တန်း ကူကောင် ဒါဇင်ပေါင်းများစွာကို ရှီယန်၏ ခေါင်းထဲရှိ ပုလဲက မျိုချကုန်၏။ ၎င်းက ရှကျောက်ကို သွေးအန်လုနီးပါးပင် ဖြစ်သွားစေသည်။ တစ်ချိန်တည်း၌ သူ တမင်လုပ်ခြင်းမဟုတ်သလိုမျိုး ဟန်ဆောင်ရသေးသည်။ သူ ပြုံးပြီး ရှီယန်ကို တောင်းပန်လိုက်ရသည်။ ၎င်းက သူ့ဂုဏ်သိက္ခာကို အလွန်ထိခိုက်စေသည်။ သူ့နှလုံးသားထဲမှ အသားအပိုင်းအစတစ်ခုကို တစ်ယောက်ယောက်က ကုတ်ဖဲ့လိုက်သလိုမျိုး နာကျင်ရလေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now