1179

322 49 0
                                    

Chapter 1179: ပန်းတိုင် သို့ရောက်ရှိခြင်း

မှော်၊ ရေညှိ နှင့် ငါးတစ်ကောင်မျှမရှိဘဲ ရေကန်သည် ကြည်လင်နေ၏။ ရှီယန် ရေကန်အတွင်းသို့ ခုန်ချခဲ့စဉ်နှင့်မတူသော တစ်ဦးတည်းသောအချက်သည် ရေကန်တွင် လ နှင့် နေ တစ်ခုမှမတွေ့ရတော့ခြင်းဖြစ်သည်။

ရှန်းယင်းယွီ သည် အဖြူရောင်အဝတ်အစားဝတ်ဆင်ထားပြီး သူမ၏ မျက်နှာမှာ ကျက်သရေရှိ တည်ငြိမ်လှသည်။ သို့သော် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခုက သူမ မျက်နှာတွင် ထင်နေသည်။
ရှန်းယင်းယွီ နှင့် ရှီယန်တို့သည် စီစီလျာ အကြာကြီး ပျောက်ဆုံးနေသည်ကို စိုးရိမ်နေကြသည်။ ထို မိန်းကလေး ဘယ်ကိုထွက်သွားသည်မှန်း သူတို့မသိကြပေ။
သူမ အရမ်းစိုးရိမ်နေသောကြောင့် သူမသည် ရှီယန် အဆင့်အသစ်ရောက်သွားသည်ကို သတိမပြုမိခဲ့ပေ။ ယခုတွင် သူသည် လွတ်မြောက်နတ်ဘုရား တတိယအဆင့် ဖြစ်နေပြီဖြစ်သည်။

"နင် ဒီမှာ ရှိနေတာဘယ်လောက်ကြာပြီလဲ" ရှီယန်က အသံနှိမ့်ကာမေးလိုက်သည်။

"ငါ အချိန်ကို မမှတ်ထားမိဘူး။ အော်ဒရေးတို့အဖွဲ့ ထွက်သွားကတည်းက ငါ စွမ်းအင်ကျင့်နေလိုက်တာပဲ။ ငါ အချိန်ကို သတိမထားမိဘူး" ရှန်းယင်းယွီ က စိတ်ပျက်စွာပြောလိုက်သည်။
ရှီယန်က ဝိဉာဉ်အသိတစ်ခု ထုတ်လွှတ်ကာ ရှင်းယင်းယွီ အနားတွင် လှည့်ပတ်လိုက်သည်။ ထို့နောက် သူကပြောသည်။ "မင်းရဲ့ အဆင့်က မတိုးလာပေမဲ့  နတ်ဘုရားစွမ်းအားက ပိုပိုပြီး များလာပြီး ပို သန့်စင်လာတယ်။ မင်း ဒီမှာ တရားထိုင်နေတဲ့ အချိန်က မနည်းလောက်ဘူးလို့ ငါထင်တယ်"
"ဖြစ်နိုင်တာက.." ရှင်းယင်းယွီ သိပ်မသေချာပေ။

သူတို့နှင့် ဝေးကွာနေသော နတ္ထိတောင်ကိုကြည့်ရင်း ရှီယန်က မျက်မှောင်ကြုံကာ စိတ်စုစည်းလိုက်သည်။ "သွားကြစို့။ ငါတို့ သူမကို နတ္ထိတောင်မှာ တွေ့ချင်တွေ့နေမှာပဲ"

နတ်ဘုရားကလန် ပညာရှင်၏ လွတ်မြောက်အကန့်အသတ် ဖြင့်လုပ်ထားသော ထူးဆန်းလျှို့ဝှက်သော ပိုင်နက်သည် သူ၏ လွတ်မြောက်အကန့်အသတ်တွင် တံဆိပ်ခတ်နှိတ်ထားပြီးဖြစ်သည်။ ထိုနေရာတွင် သူသည် စီစီလျာကို မတွေ့ရသောကြောင့် ဆိုလိုသည်မှာ စီစီလျာသည် ထို ထူးဆန်းသောကမ္ဘာထဲတွင် သူနှင့်အတူမရှိနေပေ။ သူမသည် အစောကတည်းမှ ထွက်ခွာသွားပြီဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now