1050

347 42 0
                                    

Chapter 1050: ချက်ခြင်းပြောင်းပြန်လှန်ခြင်း

ထိုမိန်းကလေးသည် မျှော်လင့်ချက်ကင်းမဲ့သွားသလို စိတ်ပျက်လက်ပျက်ခံစားလိုက်ရသည်။ ဝံပုလွေဂူမှ သူမလွတ်မြောက်သွားပြီလို့ တွေးထားခဲ့သည်။ အခုမှာမူ သူမ ကျားပါးစပ်ထဲသို့ ရောက်သွားရသည်။ ရှီယန်ကို ကြည့်ပြီး သူမ ဦးခေါင်းခွံများ  စပ်ဖျဉ်းဖျဉ်းဖြစ်သွားသလို ခံစားရလိုက်သည်။

သူမတွင် စပေါ့နဲ့ တူညီသော အတွေးရှိနေသည်။ ရှီယန်၏ မူလစွမ်းအင်ထဲရှိ ကောင်းကင်မီးလျှံဆယ်ခုသည် သိုင်းပညာရှင်များကို လိုက်ဖမ်းသတ်ဖြတ်မှုကြောင့် ရလာသော ရလဒ်ဖြစ်မည်ဟု ယူဆလိုက်သည်။ ရှီယန် မည်မျှရက်စက်ယုတ်မာသလဲဆိုသည်ကိုပင် သူမ မစဉ်းစားတတ်တော့ပါ။ စပေါ့ပင်လျှင် ကျင့်ကြံခြင်းအဆင့်ပိုမြင့်သော်လည်း ထွက်ပြေးရန်စဉ်းစားသည်။ သူမ၏ ကြောက်စရာကောင်းသော ကံ နဲ့ ဤကပ်ဆိုးကြီးမှ သူမ မည်သို့ လွတ်မြောက်နိုင်မည်နည်း။

“တကယ်လို့ မင်းက နတ်ဘုရားကလန် အက်စကော့မိသားစုကဆိုရင် မင်းသွားလို့မရဘူး”
ရှီယန်၏ ဝိဉာဉ်သည် ရုတ်တရက် ပြောင်းလဲသွား၏။

အပြာရောင်မီးလျှံအလွှာများသည် ရေခဲတမျှ အေးစက်သော အရှိန်အဝါဖြင့် စပေါ့ဆီသို့ တစ်ဟုန်ထိုးရွေ့သွားသည်။

စပေါ့ ထွက်သွားရန် ကြိုးစားလိုက်၏။ သူ့မျက်နှာထားသည် ပြောင်းလဲသွားပြီး သူ့ဝိဉာဉ်သည် မီးလျံတစ်ခုအဖြစ် ပြောင်းသွား၍ မီးစွမ်းအင်အသိများ ရှိသည့်နေရာ အစွန်အဖျားဘက်သို့ ပျံသန်းသွားသည်။

ရှီယန်၏ ရက်စက်ကြမ်းကြုတ်မှုကို စပေါ့ တွေးကြောက်နေသည်။ အဆင့်တစ်ခု နိမ့်နေသည့်တိုင် သူက တိုက်ခိုက်ရဲလောက်အောင်ထိ မာန်တက်နေသည်။ စပေါ့ ၏၏ စိတ်ထဲ၌ ရှီယန်သည် ကျွမ်းကျင်သော လူသတ်သမားလိုမျိုးပင် ဖြစ်နေသည်။ စပေါ့သည် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ စိတ်ကူးမရှိပါ။ သူသည် ဤနေရာမှ အတတ်နိုင်ဆုံး မြန်မြန်ထွက်သာ ထွက်သွားချင်နေသည်။

ရေခဲတမျှ အေးစက်သော မီးလျှံသည် အပြာရောင်အရှိန်အဝါဖြင့် ဝင်းလက်တောက်ပလာသည်။ အစပိုင်း၌ ၎င်းသည် မီးလျှံသေးသေးလေးတစ်ခုပမာသာဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်း ၎င်းသည် ထူးထူးခြားခြား ကြီးမားလာ၏။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Donde viven las historias. Descúbrelo ahora