1075

325 46 0
                                    

Chapter 1075: မနာလိုစရာ ယှဉ်ပြိုင်မှု

မိန်ယုံ စပ်စုလိုစိတ်ဖြင့် မျက်လုံးများ လက်နေသည်။

ဒီတစ်ကြိမ် နတ်ဘုရားအလင်းဂိုဏ်း၏ ကျူးကျော်မှုက ကြီးကြီးမားမားပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ရေးအဖွဲ့အစည်းက သတိပြုမိချိန်တွင် သူတို့က အမှောင်ရိပ်ကလန်ပိုင်ဆိုင်ခဲ့သော ဧရိယာတော်တော်များများကို သိမ်းပိုက်သွားပြီးဖြစ်သည်။ ဒါက တိုက်ခိုက်ရေးအဖွဲ့အစည်း၏ လည်မျိုတွင် ဆူးအကြီးကြီး နင်နေသည့်ပမာဖြစ်၏။ အဓိပတိ ဖုန်းဟန်ကိုပင် ခေါင်းကိုက်စေခဲ့သည်။

ဖုန်းဟန်က ချက်ခြင်း စစ်တပ်ပြင်ကာ စေလွှတ်တော့မည်ဆိုမှ နတ်ဘုရားအလင်းဂိုဏ်းက ရှာစင်းယန်ကို ဓါးစာခံအဖြစ်ဖမ်းမိထားကြောင်း သတင်းရသည်။
ထို့ကြောင့် ဖုန်းဟန်က စစ်ကြေငြာမည့်အစီအစဉ်ကို လက်လျှော့ကာ နတ်ဘုရားအလင်းတောင်းသမျှကို လိုက်လျောပြီး ညှိနှိုင်းခဲ့ရသည်။ စစ်တပ်ကိုလည်း မစေလွှတ်တော့ပဲ စာချုပ်စာတမ်းတစ်စောင် သူ့လက်ရေးဖြင့် ရေးကာ ရှာစင်းယန်နှင့် လဲလှယ်ဖို့ မိန်ယုံကို တာ၀န်ပေးစေလွှတ်လိုက်ရသည်။

မိန်ယုံအနေဖြင့် သိက္ခာကျသည်ဟု ခံစားရသည်။ လက်ခံနိုင်အောင် သူ့ကိုယ်သူ တော်တော်ပင် ပြင်ဆင်လာရသည်။
သို့သော် သူမ စန္ဒာရေစီးတပ်ဖွဲ့သို့ ပြန်ရောက်သောအခါ ရှာစင်းယန်နှင့် မုန်တိုင်းတပ်ဖွဲ့ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရလိုက်သည်။ ထို့ပြင် ထိုမောက်မာလှသော နတ်ဘုရားအလင်းဂိုဏ်းကျွမ်းကျင်သူများကလည်း သူတို့သိမ်းပိုက်ထားသော ဧရိယာအမြောက်အမြားကို စွန့်ခွာကာ အိမ်ပြန်ကြတော့မည်ဟု ဆိုလာ၏။ သူတို့က သရဲအရိပ်အကျဉ်းထောင်ဒေသမှ လုံး၀ဖယ်ရှားပေးတော့မည်ကဲ့သို့ဖြစ်သည်။

မိန်ယုံ စိတ်ရှုပ်ထွေးသွားသည်။ ဘာတွေမှားနေသလဲ သူမ မသိတော့ချေ။ သူမက ရှာစင်းယန်ကို မေးကြည့်သေးသည်။ သို့သော် တိကျသောအဖြေပြန်မရခဲ့ပါ။ တိုက်ခိုက်ရေးအဖွဲ့အစည်းက အလျှင်လိုနေသည်။ အဖြစ်အပျက်အားလုံးကို အသေးစိတ်သိချင်သည်။ ထို့ကြောင့် မူလကတည်းက စီစဉ်ထားခဲ့သော မိန်ယုံ၏ခရီးစဉ်ကို ဆက်စေခဲ့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Tempat cerita menjadi hidup. Temukan sekarang