Chapter 1089: နတ်ထိကွယျ
ရေကန်တစ်ခုသဖွယ် ဖြစ်နေသော စွမ်းအင်ပင်လယ်ကြီး၏ အလယ်ဗဟို၌ အလင်းတန်းများ တောက်ပစွာ ဖြာထွက်လာပြီး ရှုပ်ထွေးသော အစီအရင်တစ်ခုအဖြစ် ရောယှက်သွားကြသည်။
သာမန်ထက် အလွန်ပြင်းထန်သော စွမ်းအားလှိုင်းတစ်ခုအသက်ဝင်လာသည်။
ရှီယန် နဲ့ ရှန်းချန် တို့၏ ခန္ဓာကိုယ်များသည် ရောင်ပြန်သလင်းကျောက်များပမာ လင်းလက်တောက်ပလာကြသည်။ ပြီးနောက် တောက်ပသည့် အလင်းတန်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ် နဲ့ ဝိဥာဉ် နှစ်ခုစလုံး တည်နေရာရွှေ့ပြောင်းခြင်းခံရ၏။ ၎င်းကြယ်သေမှ သူတို့ ပျောက်ကွယ်သွားကြသည်။
ဘုန်း…ဘုန်း…
ကြယ်သေနယ်မြေအတွင်း၌ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကွဲအက်သွားသော လှိုဏ်ခေါင်းသည် ဖြည်းဖြည်းချင်း ပြန်ပိတ်သွား၏။ ထူးခြားသော ဟင်းလင်းပြင်အစီအရင်၌ နောက်ထပ်စွမ်းအားလှိုင်းမရှိတော့ပါ။ ပေါများသော စွမ်းအင်ရှိသည့် ထိပ်တန်းအဆင့်နတ်ဘုရားကျောက်တုံးများသည် အစီအရင် အသက်သွင်းခံရပြီးနောက် ၎င်းစွမ်းအားများကို ဆုံးရှုံးသွားသည်။ ယခုအခါ ၎င်းတို့သည် အရောင်မှိုင်းပြီး အစီအရင်ထဲ၌ ရှိနေသော သာမာန်ကျောက်တုံးများပမာ ဖြစ်သွားကြသည်။
မည်သည့်စွမ်းအားမှ လှိုင်းမထတော့ပေ။
———————
ထူထပ်သိပ်သည်းသော မြူခိုးများထဲ၌ ရှန်းချန် နဲ့ ရှီယန်တို့သည် လင်းလက်သော အလင်းတန်းများပမာ ရှေ့သို့ ဆက်သွားနေကြသည်။
ဤကဲ့သို့သော မြူခိုး၌ ထူးခြားသည့် စွမ်းအားများရှိသည်။ ၎င်းစွမ်းအားမှာ ဝိဥာဉ်အသိကို ကွဲပြားစေနိုင်ခြင်းဖြစ်သည်။ ဤနေရာ၌ ရှီယန်သည် သူ့ပတ်ဝန်းကျင်ကို အာရုံမခံနိုင်ပါ။ သူမျက်လုံးဖွင့်ထားလျက်နဲ့ ကန်းနေသလို ခံစားရသည်။
ရှန်းချန် အတွက် ဤနေရာသို့ ပမထအကြိမ်လာခြင်းမဟုတ်သည်မှာ သိသာနေသည်။ ဤမျှထူထပ်သောမြူခိုးကြား၌ သူသည် ရှီယန်ကို အဆက်မပြတ် လမ်းညွှန်ပြပြီး ရှေ့သို့ ဆက်သွားရန် ခေါ်ဆောင်ပေး၏။