ChapterChapter 1145: အရိုးဖြူသွေးသန့်စင်ခြင်းအုတ်ဂူ
ဟိုင် က သူ့ခြေထောက်ကို မော့ဖူ ၊ ရှကျောက် ၊ ဝူဖန်း တို့ပြင်ဆင်ထားခဲ့သော သေခြင်းထောင်ချောက်အပေါ် တင်မိသွားသည်။
ထိုနေရာသည် အန္တရာယ်အနည်းဆုံးနေရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မော့ဖူ၊ ရှကျောက်၊ ဝူဖန်းနှင့် အခြားသူတွေက သူတို့၏ ပစ္စည်းကောင်းတွေကို ယခင်ကတည်းက အသုံးပြုလိုက်ရလို့ပင်ဖြစ်သည်။ သူတို့ထံတွင် ၎င်းပြီးနောက် အသုံးပြုစရာ အသက်အန္တရာယ်ပြုနိုင်သော လက်နက် သိပ်မရှိတော့ပေ။
ဟိုင် က ထိုနေရာတွင် ငြိမ်ငြိမ် ရပ်နေသည်။ သူ့ရဲ့အတွေးတွေ ပြောင်းနေချိန်မှာပဲ ငွေသတ္တုဘောလုံးလေးက သူ့ရဲ့ လက်ဖဝါးထက် ပေါ်လာခဲ့သည်။ ၎င်းက မြေပြင်ပေါ် ကျသွားသောအခါ ဆူးချွန်တွေ ထွက်လာပြီး ဖြူသတ္တဝါသဖွယ် သူ့အရှေ့မှာ လှည့်ပတ်သွားသည်။
ဘုန်း..ဘုန်း.. ဘုန်း..ဘုန်း..
ရွှေရောင် လျှပ်စီးတွေ လျှင်မြန်စွာထွက်ပေါ်လာသည်။ နားကွဲမတတ် ပေါက်ကွဲမှုများ၊ အသံလှိုင်းများ တုန်ခါသွားသည်။ မြေကြီးသည်လည်း နဂါးတွေ မြေအောက်မှာ လှုပ်ရှားနေသလို ကြောက်မက်ဖွယ်အသံနက်ကြီးတွေနဲ့ တုန်ခါကာ ဟိုင်ဆီ ဦးတည်လာနေသည်။
ရွှိ…
ဟိုင်၏ အဝတ်များ စုတ်ပြဲသွားသည်။ ငွေရောင် အကြေးခွံသဖွယ် သံချပ်ကာများ သူ့ရဲ့ အရေပြားထက်မှာ ပေါ်လာသည်။ ချွန်ထက်တဲ့ ဆူးချွန်များကလည်း သူ့ရဲ့ ခန္ဓာကိုယ်တွင် ပေါ်လာသည်။ ချက်ချင်းဆိုပင် ဟိုင် က သူ၏ သေခြင်းမဲ့နတ်ဘုရားခန္ဓာကိုယ် အသွင်ပြောင်းလိုက်ပြီဖြစ်သည်။
ထို ပြီးပြည့်စုံသော တိုက်ခိုက်ရေး အသွင်ပုံစံဖြင့် ဟိုင်၏ မျက်လုံးများက အံ့သြဖွယ်ရာ တည်ကြည်ပြတ်သားနေသည်။ သံချပ်ကာ၏ငွေရောင် အကြေးခွံတိုင်းမှ ခက်ထန်သော စွမ်းအင်လှိုင်းများ ထုတ်လွှတ်ပေးနေပြီး သူ့ကို လူသားမီးတောင်ပမာ မီးတောက်များခြံရံနေသည်။ဘုန်း.. ဘုန်း.. ဘုန်း..
ဟိုင် ကို ဗဟိုချက်အဖြစ်ထားပြီး အားနည်းသော ထောင်ခြောက်များအားလုံး ပေါက်ကွဲကုန်လေသည်။ ပြင်းထန်လွန်းသော စွမ်းအင်များပေါက်ကွဲထွက်ပြီး ပဲ့တင်သံများ မြည်ဟိန်းသွားသည်။