1002

461 50 0
                                    

Chapter 1002: ဓားအိမ်ထဲမှ ထွက်လာသော သွေးစွန်းဓားတစ်လက်

ရှီယန် ထိုင်နေရာမှ ထလိုက်သည်။ သူ့မျက်လုံးများသည် ရဲရဲနီနေပြီး သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါများက မိုးသို့ ထိုးနေသည်။

သွေးရောင် အနီအဆင်းဖြင့် ဆိုးထားသော အလင်းတန်းအကာအကွယ်ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ ရှီယန် မဲ့ပြုံးပြုံးလိုက်ပြီး ဖေးလန် ၊ လီအိုနာ နဲ့ ကာထို့တို့ကို ပြောလိုက်သည်။ "အပြင်ဘက်ကို ထွက်ကြရအောင်"

ကျန်သုံးယောက်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ကြသည်။

သူတို့အဖွဲ့လေးယောက်သည် အကွယ်အကာအရှိန်အဝါကို လျှပ်စီးတန်းလေးခုကဲ့သို့ ကျော်ဖြတ်ကြပြီး နောက်ကျကျန်နေသော တစ္ဆေအမှတ်အသားမျိုးနွယ် သိုင်းသမားများဘက်သို့ ဦးတည်လိုက်ကြသည်။

တစ္ဆေအမှတ်အသားမျိုးနွယ်စုမှ ဆယ်ယောက်ထက်ပိုသော သိုင်းသမားများသည် ဝရုန်းသုန်းကား ဖြစ်နေကြသည်။ ဧရာမစစ်သင်္ဘောကြီးက သူတို့၏ စစ်သင်္ဘောကို တိုက်ဆောင့်ပြီး မြန်ဆန်စွာ ပျံသန်းသွားပြီးနောက် သူတို့သည် နောက်တွင် ကျန်ခဲ့ကြသည်။

ထိုအချိန်တွင် ရှီယန်တို့အဖွဲ့ လေးယောက်သည် ထိုကျန်ရစ်ခဲသော သိုင်းသမားများကို ပစ်မှတ်ထားလိုက်ကြသည်။

သူ့အတွေးများ ဖြတ်ခနဲ လှုပ်ရှားနေစဉ်၌ ရှီယန်ထံမှ စိတ်ညစ်ညူးဖွယ် အရှိန်အဝါက ပျံ့နှံ့လာသည်။

ပြင်ပဟင်းလင်းပြင်တွင် လွင့်ပါနေသော သွေးများသည် စုစည်းကြပြီး သွေးပင်လယ်တစ်ခု ဖန်တီးလိုက်ကြသည်။ သွေး၏ ထူထပ်သော အနံ့ကြီးက နေရာတစ်ခုလုံးသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်။ ရှီယန်သည် ထိုသွေးပင်လယ်ထဲတွင် နစ်မြုပ်နေသည်။ သူ့မျက်လုံးများသည် သွေးကဲ့သို့ ရဲရဲတောက်နီရဲနေပြီး သူ့မျက်နှာသည် ရေခဲတမျှ အေးစက်သည်။

သေခြင်းစွမ်းအင်အသိ၏ အံ့ဖွယ်အစွမ်းအစ - သွေးဝိဥာဉ်ပင်လယ် ပင်တည်း။

သွေးပင်လယ်ကြီးသည် ကျယ်ပြန့်လာပြီး ကျန်နေခဲ့သော တစ္ဆေအမှတ်အသားမျိုးနွယ်ဝင် သိုင်းသမားများတစ်ယောက်ချင်းစီကို ဖုံးလွှမ်းသွားသည်။ စိတ်အားငယ်မှု ၊ အကြောက်တရား ၊ သွေးဆာမှု နဲ့ အကြင်နာကင်းမဲ့မှု စသည်တို့ပါဝင်သော အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေများက သူတို့စိတ်ကို ပြင်းထန်စွာ လွှမ်းမိုးနေသည်။ ခဏအကြာတွင် တစ္ဆေအမှတ်အသားမျိုးနွယ်ဝင်သိုင်းသမားများသည် ရူးသွားကြသည်။ သူတို့နားရှိ ဘယ်သူ့ကိုမဆို စတင်တိုက်ခိုက်ကြတော့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now