Chapter 1034: တိုက်ပွဲပျော်
နံပါတ်၉ သက်ရှိကြယ်၏ ရေကန်ထက်တွင်…
အမှောင်ရိပ်ကလန်၏ စစ်သင်္ဘောများ ကောင်းကင်ထက်၌ ပြည့်နှက်နေသည်။ ခေါင်းဆောင် ကော်ကာ၏ ဦးခေါင်းထက်တွင် မြေကြီးဝါရောင် လွတ်မြောက်အကန့်အသတ်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး တွန့်ခေါက်နေသော မြေစိုင်မြေသားများဖြင့် ပြည့်နှက်နေသည်။ ကော်ကာသည် မျက်မှောင်ကြုတ်နေရင်း နဖူးကို လက်ဖြင့်ထိကာ သူ့စွမ်းအင်အသိကို လှုံ့ဆော်လိုက်သည်။
ဝေါ…ဝရော…
ဂြိုဟ်မျက်နှာပြင်ထက်ရှိ တောင်တန်းကြီးများသည် ကော်ကာ၏ မြေစွမ်းအင်အသိအောက်တွင် ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
ပြီးနောက် မြေပြင်မှ မြောက်တက်ကာ မိုင်မောင်းရာချီဝေးကွာသောနေရာမှ ပျံသန်းလာကြသည်။
တောင်ကြီးများသည် အလုံးလိုက်ကြီးပင် ကန်ရေပြင်ထက် ပြုတ်ကျသွားကြသည်။ကန်ရေပြင်က မှန်တစ်ချပ်လို တည်ငြိမ်ကာ တောက်ပနေသည်။ ရေကန်သည် ဟင်းလင်းပြင်စွမ်းအင်၏ သိမ်မွေ့သော အငွေ့အသက်ဖြင့် လဲ့ဖြာနေသည်။
ရေကန်ထဲသို့ တောင်တွေ အလုံးလိုက် တဝုန်းဝုန်း ပြုတ်ကျသွားသော်လည်း ရေပြင်က လှိုင်းဂယက်ပင် မထခဲ့ချေ။ကော်ကာ၏ နဖူးကြောများ တင်းလာသည်။ သူစိတ်ဆိုးစွာဖြင့်
“ဟင်းလင်းပြင်စွမ်းအင်သုံးတဲ့ သိုင်းသမားတွေက တကယ်မုန်းဖို့ကောင်းတယ်”သူ့ဝိညာဉ်ယဇ်ပလ္လင်ကို နောက်တစ်ကြိမ် လည်ပတ်စေလိုက်သည်။ သူ၏လွတ်မြောက်အကန့်အသတ်ရှိ မြေလွှာများ အဆက်မပြတ် တွန့်ခေါက်သွားပြန်သည်။ တစ်ပြိုင်နက်တည်းမှာပင် နံပါတ်၉ သက်ရှိကြယ်၏ မြေမျက်နှာပြင်သည်လည်း အဆက်မပြတ်တုန်ခါလာသည်။
ပေသုံးသောင်းခန့်မြင့်သော တောင်မြင့်ကြီးများ အဝေးမှ ပျံသန်းလာကြသည်။ ရေကန်ထက်သို့ ရောက်ချိန်တွင်တော့ အားလုံး ပေါက်ကွဲသွားကြပြီး ကျောက်စိုင်ကျောက်တုံးကြီးများအဖြစ် မိုးပြိုကျသည့်နှယ် ပြိုဆင်းကျလာလေတော့သည်။
ဟင်းလင်းပြင်စွမ်းအင်အသိက နောက်တစ်ဖန် ပြောင်းလည်းသွားသည်။ ယခုအခါ ရေကန်၏ မျက်နှာပြင်ပေါ်တွင် အလွန်နက်ရှိုင်းသော ဟင်းလင်းပြင်အက်ကြောင်းများ သိပ်သည်းထူထပ်စွာဖြစ်ပေါ်လာသည်။
ကျောက်တုံးကျောက်စိုင်များသည် ကောင်းကင်ထက်မှ မိုးပြိုသလို ကျဆင်းလာပြီးနောက် ဟင်းလင်းပြင်အက်ကြောင်းများက အပိုင်းပိုင်းဖြတ်ကာ ဝါးမျိုသွားသည်။ မည်သည့်အရိပ်အယောင်မျှပင် မချန်ခဲ့။