Chapter 1138: ပူးပေါင်းမှု
မော့ဖူ နဲ့ ဝူဖန်း တို့က ဦးဆောင်ပြီး တဖက်အဖွဲ့များ စုရုံးနေကြသည့် နေရာသို့ ပြန်သွားလိုက်ကြသည်။
အမှောင်အင်ပါယာမျိုးနွယ်စု၏ မင်းသမီး အော်ဒရေးသည် သစ်ပင်ကြီးတစ်ခု၏အရိပ်အာဝါသအောက်၌ ရပ်နေသည်။ သူမ မျက်နှာထားသည် အေးစက်မောက်မာပြီး သူမ ပုံစံသည် အထက်စီးဆန်နေသည်။ မော့ဖူ နှင့် စီစီလျာ တို့ လာမှာကို စောင့်နေပြီး စိတ်မရှည်စွာ ပြောလိုက်သည်။ “မင်းတို့ စဉ်းစားပြီးပြီလား"
"ငါတို့ ဆုံးဖြတ်ပြီးပါပြီ။ မင်းရဲ့ အမိန့်ကို နာခံဖို့ ငါတို့ ဆန္ဒရှိပါတယ်" ဝူဖန်းသည် သူ့ယပ်တောင်ကို ညင်သာစွာ ခတ်ပြီး အတောက်ပဆုံး ပြုံးလိုက်သည်။ တစ်ဖွဲ့လုံး၏ ကိုယ်စားပြုအနေဖြင့် ထိုအဖြေကို သူ ပေးလိုက်သည်။
အော်ဒရေးသည် အမှောင်အင်ပါယာမျိုးနွယ်စု၏ မင်းသမီး ဖြစ်ကြောင်းကို သိပြီးနောက် ဝူဖန်းသည် သူမကို ပြန်ကြည့်သောအခါ သူ့မျက်လုံးထဲ၌ တိတ်တဆိတ် လေးစားအားကျသည့် အရိပ်အယောင်များ ရှိနေသည်။ သူသည် အော်ဒရေးကို အလွန်သဘောကျနေပုံပင်။ ဤချောမောသောယောကျာ်းသည် အမြဲတမ်း သုန်မှုန်ပြီး ခက်ထန့်သည့် မျက်နှာအမူအယာနဲ့သာ ရှိတတ်သည်။ သို့သော် ယခု သူ့မျက်နှာအမူအယာသည် ဝင်းလက်တောက်ပပြီး ပြုံးပင်ပြုံးနေသည်။
ဝူဖန်း၏ အမူအယာက စီစီလျာ နှင့် ရှန်းယင်းယွီတို့ သူ့ကို တိတ်တခိုး အထင်သေးသွားစေအောင် လုပ်လိုက်သည်။ ထိုမိန်းကလေးနှစ်ယောက်၏ မျက်လုံးတောက်တောက်များက မော့ဖူ၊ ရှကျောက် ၊ ကျိုးရှန် နဲ့ တခြားသူများကို စောင့်ကြည့်အကဲခတ်လိုက်ကြသည်။
စီစီလျာ နှင့် ရှန်းယင်းယွီတို့၏ မျက်ခုံးများသည် သိသာစွာ အနည်းငယ်ကြုတ်လာခဲ့သည်။ သူတို့အဖွဲ့ထဲမှ ယောကျာ်းလေးအများစုသည် ဝူဖန်း နဲ့ သိပ်မကွာခြားကြကြောင်းကို တွေ့ရှိသွားကြသောကြောင့်ဖြစ်သည်။ သူတို့အကြည့်များက သိသာနေသည့် ခံစားချက်များနှင့် အော်ဒရေးအပေါ်၌ဿာ ရှိနေသည်။
ရှီယန် တစ်ယောက်တည်းသာ ခြွင်းချက်ဖြစ်သည်။ သူ အော်ဒရေးကို ကြည့်သည့်အချိန်၌ သူ့ပုံစံသည် နဂိုအတိုင်း အေးစက်တင်းမာနေဆဲ ဖြစ်သည်။ သူ့မျက်နှာထက်၌ ပြောင်းလဲမှုတစ်စုံတစ်ရာမရှိခဲ့ပါ။