Chapter 1014: အမှောင်ကလန်၏ လူငယ်တစ်ယောက်
ရေခဲတောင်တန်းများနဲ့ မြစ်ရေများသည် စူးရှစွာ တောက်ပလင်းလက်နေကြသည်။ အလွန်ချွန်ထက်သော ရေခဲပန်းဆွဲများသည် ဟိုတစ်စု သည်တစ်စု ရှိနေကြသည်။
ဤရေခဲကမ္ဘာကြီး၏ ထောင့်နားတစ်ခု ရေခဲတောင်၏ ကွဲအက်ရာတစ်ခုတွင် ပုန်းနေသော သူသည် အရပ်ပု၍ ပိန်ပါးသော ရုပ်သွင်ရှိပြီး သူ့သွင်ပြင်လက္ခာဏာသည် စိုးရိမ်ပူပန်နေဟန်ပေါ်၏။ သူ့နတ်ဘုရားခန္ဓာကိုယ်သည် ရေခဲတောင်ဖြင့် ကွယ်ထားသော ထောင့်နားတစ်ခုတွင် ဖော့ဖော့ကလေး ပုန်းနေသည်။ သူ့ခေါင်းထက်ရှိ ကွဲအက်ကြောင်းတစ်ခုမှ ချောင်းကြည့်ရန် သူ့မျက်နှာကို မော့လိုက်သည်။
ထိုသူသည် အမှောင်ကလန်၏ လူငယ်တစ်ယောက်ပင်ဖြစ်သည်။ အသက် ဆယ့်ငါး သို့မဟုတ် ဆယ့်ခြောက်လောက်သာရှိသည့် ရုပ်သွင်ပေါ်သည်။ သူ့တွင် ပိန်းမှောင်သော မျက်စိသူငယ်အိမ်တစ်စုံရှိသည်။ ၎င်းက သူသည် သွေးရဲ၍ စိတ္တဇလူသတ်သမားသဖွယ် ရူးသွပ်အကြင်နာကင်းမဲ့သည့်ပုံ ပေါ်စေ၏။ သူ့ခန္ဓာကိုယ်ထက်ရှိ သတ်ဖြတ်ချင်စိတ်အရှိန်အဝါသည် သူ့အသက်အရွယ် လူငယ်မျိုးတွင် မရှိသင့်မရှိထိုက်သော အရာတစ်ခု ဖြစ်သည်။ သူ၏ ခရမ်းလဲ့လဲ့ရောင်ဆံပင်(စုပ်ခွက်လက်တံများ)သည် မသပ်မရပ် ဖြစ်နေပြီး သူ့နဖူး နဲ့ မျက်နှာတစ်ဝက်ကို ဖုံးထားသည်။
ထိုဆယ်ကျော်သက်လူငယ်လေး၏ မျက်၀န်းများ ကျဉ်းမြောင်းသွားသည်။ သူ့မျက်နှာထားသည် ဆိုးယုတ်နေ၏။ ကွဲအက်ကြောင်းအထက်၌ အမှောင်ရိပ်ကလန်၏ လိပ်ပြာသဏ္ဍာန် စစ်ရထားရောက်လာသောအခါ မျက်တောင်ပင်မခတ်ဘဲ ကြည့်နေသည်။
ထိုဆယ်ကျော်သက်လူငယ်လေးသည် ရိုးစင်းသော သိုင်းသမားဝတ်ရုံ အနက်ရောင်ကို ဝတ်ဆင်ထားသည သူ့လက်မောင်းများကို သံချောင်းပမာ ထုတ်ဖော်ထားသည်။ သူ့လက်ချောင်းတစ်စုံတွင် အထပ်ထပ်ဖြစ်နေသော အမာရွတ်များ အများအပြားရှိနေသည်။ ထိုအမာရွတ်များ၏ အနာဖေးများသည် အရင်ကတည်းက ခွာကျခဲ့ကြပြီးဖြစ်သည်။ ယခုအခါ ထိုအရာများသည် ဘက်ပဲ့နေသော မြွေများနဲ့ တူနေသည်။