Chapter 1047: အဆိပ်ပင်လယ်
ရဲရဲနီသော သေခြင်းမဲ့မိစ္ဆာသွေးတစ်စက်သည် ဆူပွက်လာပြီး အနီရောင်မြူခိုးငွေ့အဖြစ် အငွေ့ပျံသွား၍ လျှပ်ခနဲဖြစ်သွားကာ ပါးလွှာသောလေထဲသို့ ပျောက်ကွယ်သွားသည်။
ဇူရှီသည် မျက်မှောင်ကြုတ်ပြီး ရှီယန်ကို စူးစူးစမ်းစမ်း ကြည့်နေသည်။ သူမ မျက်လုံးများ တောက်ပလာ၏။
ရှီယန် မျက်စိမှေးလိုက်ပြီး မိစ္ဆာသွေး၏ ဆန်းကြယ်သော စွမ်းအားကို အသုံးပြု၍ ရှာကြည့်လိုက်သည်။ သေခြင်းမဲ့မိစ္ဆာသွေးသည် အမှန်တကယ်ကို ထူးခြားသည်။ ဒေါသမီးလျှံကြယ်နယ်မြေတွင် သူ ရှိနေစဉ်၌ ကျက်သရေကုန်းမြေရှိ သူ့မိသားစုဝင်များ၏ သက်ရှိစွမ်းအင်အတက်အကျကို အာရုံခံစားနိုင်ရန် သူ အသုံးပြုနိုင်ခဲ့သည်။ ယနေ့ သူ့ကျင့်ကြံခြင်းအဆင့်သည် လွတ်မြောက်နတ်ဘုရားအဆင့်သို့ ရောက်သွားသဖြင့် မိစ္ဆာသွေးအပေါ် သူ နားလည်မှုသည် ထိုးတက်သွားသည်။ သွေးတစ္ဆေ ဘယ်နေရာကိုပဲ သွားသွား သူ့ကို အာရုံခံနိုင်ပြီး သူ့တည်နေရာကို သူ သိနိုင်၏။
ခဏအကြာတွင် သူ့မျက်လုံးများ ဝင်းလက်လာပြီး သူ့အသံကို တိုး၍ ပြောလိုက်သည်။ “ငါ သူတို့ကို ရှာတွေ့ပြီ”
ဇူရှီကို ခေါ်၍ စစ်ရထားကို အလွန်မြန်သော အရှိန်ဖြင့် မောင်းနှင်ကာ ရှေ့သို့ ဆက်တိုက်ပျံသန်းသွားသည်။
တစ်နာရီခန့်ကြာပြီးနောက် သရဲအရိပ်အကျဉ်းထောင်၏ အလွန်ထူးခြားသော နယ်မြေသို့ သူတို့ ရောက်သွားကြသည်။ ဝင်းလက်တောက်ပသော ပြင်ပဟင်းလင်းပြင်စီးကြောင်းများကြား၌ တည်ရှိနေသော အရာမှာ ဆုတ်ဖြဲခြင်းခံရသော ဟင်းလင်းပြင်အက်ကြောင်းများဖြစ်ကြသည်။
ဤနေရာသည် အာဂါတေးကြယ်နယ်မြေကို တခြားကြယ်နယ်မြေများနဲ့ ချိတ်ဆက်ထားသည်ဆိုသော နေရာဖြစ်သည်။ များပြားလှသော ဟင်းလင်းပြင်အက်ကြောင်းများက ဟိုဘက်ရှိတခြားကမ္ဘာများသို့ ခေါ်ဆောင်သွားနိုင်သည်။
ဟင်းလင်းပြင်လမ်းကြောင်းအများစုသည် ပြွတ်သိပ်ကာ တည်နေကြ၏။ တချို့လမ်းကြောင်းများက ပြင်းထန်သော ဘေးအန္တရာယ်များကို ဖုံးကွယ်ထားကြသည်။ သေသေချာချာ မစူးစမ်းဘဲ ဝင်သွားခြင်းက ကျင့်ကြံခြင်းပိုအဆင့်မြင့်သောရန်သူနှင့်ရင်ဆိုင်သည်ထက် သေခြင်းတရားဆီသို့ မြန်မြန်ခေါ်ဆောင်သွားနိုင်၏။