1006

406 46 0
                                    

Chapter 1006: မူလအဆင့် မှော်ရတနာ

မိုးကြိုးနတ်ဘုရားလှံတံ သည် အလင်းတန်းအကာအကွယ်ကို တစ်ချက်တည်းနဲ့ စုတ်ပြဲစေသဖြင့် ဆေးနှင့်ကိရိယာစံအိမ်မှ သိုင်းသမားအများအပြား မီးသွေးဖြစ်သွားကြသည်။ အများစုသည် လျှပ်စီး၏ တိုက်စားနိုင်သော အကျိုးသက်ရောက်မှုကို သူတို့၏ ခန္ဓာကိုယ်များဖြင့် ခုခံရန် ကြိုးစားနေကြသည်။

တုလင်သည် စစ်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ဆင်းသက်ပြီး ငွေရောင်လှံကို ဖမ်းဆုပ်ထားလိုက်သည်။ လျှပ်စီးမိုးကြိုးများသည် ထိုလှံပတ်တတ်လည်၌ အဆိပ်ပြင်းသော မြွေများသဖွယ် လည်ပတ်နေကြသည်။ ၎င်း၏ သတ်ဖြတ်လိုစိတ်အရှိန်အဝါကို မမြင်ရသော်လည်း ဘယ်သူကမှ ထိုလှံကို မရင်ဆိုင်ရဲကြပါ။

မူလအဆင့် လက်နက်တစ်ခု၏ ကြောက်စရာကောင်းမှုပင်။

ဤအာဂါတေးကြယ်နယ်မြေသည် ကျယ်ပြောသော်လည်း မူလအဆင့် လက်နက်များကို လက်ချိုးရေလို့ ရသည်။ တစ်ခုချင်းစီသည် နာမည်ကြီးပြီး ၎င်းတို့၏ ပိုင်ရှင်များသည် ကမ္ဘာကြီးကို စိုးမိုးထားသော အင်အားကြီးလူစုအနည်းငယ်ထဲက လူတွေသာ ဖြစ်တတ်ကြသည်။

တုလင်သည် လောကတစ်ခုလုံးကို ဖမ်းဆုပ်ထားသည်ပြမာ လျှပ်စီးလှံကို ဆုပ်ကိုင်ထားသည်။ သူ့ခန္ဓာကိုယ်က မောက်မာ၍ ယုံကြည်မှုရှိဟန်ကို ဖော်ပြပြီး ဆေးနှင့်ကိရိယာစံအိမ်မှ သိုင်းသမားများကို မွန်းကျပ်စေသည့် ကြီးမားသော ဖိအားကို ထုတ်လွှတ်နေသည်။

တုလင်က စစ်သင်္ဘောကြီး၏ အကာအကွယ်ကို တစ်ချက်တည်းနဲ့ ဆုတ်ဖြဲလိုက်သည်ကို တွေ့သောအခါ တစ္ဆေအမှတ်အသားကလန်ဝင်များသည် အထူးပျော်မသွားကြပေ။ သူတို့က ထိုအရာသည် ရှောင်လွှဲလို့မရသော အရာဟုသာ တွေးထားကြသည်။ တုလင်၏ အစွမ်းအစကို သူတို့ သိကြသည်။ သူ့တွင် ထိုကဲ့သို့ လုပ်နိုင်စွမ်းရှိသည်ကို သူတို့ သိကြသည်။ ထို့ကြောင့် တစ္ဆေအမှတ်အသားကလန်မှ သိုင်းသမားများသည် တည်တည်ငြိမ်ငြိမ်နဲ့ ချဉ်းကပ်လာကြပြီး ဧရာမစစ်သင်္ဘောပေါ်ရှိ ဆေးနှင့်ကိရိယာစံအိမ်မှ သိုင်းသမားများကို လမ်းကြောင်းမျိုးစုံမှ ဝိုင်းရံထားလိုက်ကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now