1067

335 46 0
                                    

Chapter 1067: ဓားစာခံဖြင့် အကျပ်ကိုင်ခြင်း

စစ်သင်္ဘောတစ်ရာကျော် ပေါ်ထွက်လာခဲ့သည်။ ထိုစစ်သင်္ဘောများသည် ရွှေများဖြင့် ဆောက်လုပ်ထားသဖွယ်ပင်။ ၎င်းတို့၏ ကိုယ်ထည်တစ်ခုလုံးသည် တကယ့်လှံရှည်များပမာ စူးရှစွာ ဝင်းလက်နေကြသည်။

၎င်းစစ်သင်္ဘောတပ်စုကို သွေးလှံရှည်ဟု ခေါ်ကြပြီး နတ်ဘုရားအလင်းဂိုဏ်း၏ ရက်စက်ကြမ်းတမ်းသော တပ်တစ်ခုဖြစ်သည်။ ခေါင်းဆောင် ဆန်နာ သည် ဤ သွေးလှံရှည်အုပ်စု၏ အသက်ဖြစ်ပြီး အာဂါတေးကြယ်နယ်မြေ၏ ထင်ရှားကျော်ကြားသော မျိုးဆက်သစ်ထဲမှ သိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်သည်။

သွေးလှံရှည်တပ်စု၏ စစ်သင်္ဘောများသည် ဖြန့်ကျက်ကြပြီး ကွန်ရက်တစ်ခုပုံစံပမာ ဖွဲ့စည်း၍ မုန်တိုင်းစစ်တပ်ဖွဲ့၏ စစ်သင်္ဘောများအားလုံးကို ဝိုင်းရံထားကြသည်။ နတ်ဘုရားအလင်းဂိုဏ်း၏ သိုင်းသမားများသည် မတူညီသော မျိုးနွယ်စုများမှ လာကြခြင်းဖြစ်သည်။ သူတို့အားလုံး၌ နှစ်ပေါင်းများစွာတိုက်ခိုက်လာရဉာ သိုင်းသမားများ၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ရှိနေ၏။ ယခုအခါ သူတို့အားလုံးက မုန်တိုင်းစစ်တပ်ဖွဲ့၏ သိုင်းသမားများကို စိုက်ကြည့်နေကြသည်။

“ဆန်နာ” ရှာစင်းယန်၏ မျက်နှာထားပြောင်းလဲသွားသည်။ သူမ ခေတ္တခဏ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။ “ကျွန်မ ရှင့်အကြောင်းကို ကြားဖူးတယ်။ ရှင်က နတ်ဘုရားအလင်းဂိုဏ်းချုပ်ရဲ့ မွေးစားသားပဲ။ ရှင်က သွေးလှံရှည်အုပ်စု ရဲ့ ခေါင်းဆောင်လည်း ဖြစ်သလို အာဂါတေးကြယ်နယ်မြေရဲ့ ကျော်ကြားတဲ့ လူငယ်သိုင်းပညာရှင်တစ်ယောက်၊ နတ်ဘုရားအလင်းဂိုဏ်းရဲ့ ကြောက်စရာအကောင်းဆုံး လက်နက်တစ်ခုလည်း ဖြစ်တယ်”

ထိုလူငယ်၏ မျက်နှာထားသည် ထူးမခြားနားပါ။ သူက ပျင်းတိပျင်းရွဲဟန်ဖြင့် စကားပြောသည်။ “အမှောင်ရိပ်ကလန်ရဲ့ ပိုင်နက်က အခုပိုင်ရှင်မဲ့ဖြစ်သွားပြီ။ တိုက်ခိုက်ရေးအဖွဲ့အစည်းက အဲ့နေရာတွေကို လုနိုင်တယ်ဆိုရင် ငါတို့လည်း လုယူနိုင်ပါတယ်။ သရဲအရိပ်အကျဉ်းထောင်မှာ စွမ်းအားနဲ့ စကားပြောကြတယ်။ ငါတို့လည်း အဲ့နည်းအတိုင်းပဲ လုပ်မယ်”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now