Chapter 1094: ဂူနတ်ဘုရားဂိုဏ်း
(မှတ်ချက်။ ။ ကု (ဂူဟုလည်းရေးကြသည်) - ဒဏ္ဍာရီဝင်တရုတ်အောက်လမ်းအတတ်ပညာတစ်မျိုး။ ထူးခြားဆန်းကြယ်ပြီး သဘာဝကို တုပ၍ လုပ်ထားသည့် အရာစတ္ထုပစ္စည်းတစ်မျိုးဖြစ်ပြီး အထူးနည်းလမ်းနဲ့ ကျင့်ကြံလို့ရ။ နှစ်ပေါင်းအများကြီး ကျင့်ကြံလို့ရသည့် ပစ္စည်းတစ်မျိုး။ ၎င်းပစ္စည်းက ကြီးတာလည်းဖြစ်နိုင်သလို သေးတာလည်း ဖြစ်နိုင်တယ်။ခြုံငုံပြီး ပြောရရင် အဲ့ဒါက တွင်းအောင်းအကောင်တစ်မျိုး ဒါမှမဟုတ် အင်းဆက်ပိုးမွှားအမျိုးအစားတစ်ခုပါ။)
လက်တစ်သောင်းတစ္ဆေကြိမ်ပင် သည် ရွံ့ဗွက်အိုင်ထဲမှ ပျံထွက်လာရန် သူ၏ ထောင်ပေါင်းများစွာသော နွယ်ပင်များကို တစ်ပြိုင်နက်အသုံးပြုခဲ့ပြီး လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
ဤနေရာဝန်းကျင်တွင် ဝိဉာဉ်ဆေးဖက်ဝင်အပင်နဲ့ အခြားသစ်ပင်အမျိုးအစားများ ထူထပ်စွာပေါက်ရောက်နေသည်။ မှောင်မည်းသော ရွံ့နွံများနဲ့ သန့်ရှင်းကြည်လင်သော ကန်များသည် ဤနေရာတွင် တည်ရှိကြသည်။ ၎င်းတို့က ထူထပ်သည့် စိုထိုင်းသော ရေခိုးငွေ့များကို ပေါများလှသည့်စွမ်းအားနှင့်အတူ လေထုထဲသို့ ထုတ်လွှတ်နေကြသည်။
၀ှစ်…ဝှစ်…ဝှစ်
ဂျီ…ဂျီ…
ထူးဆန်းသော အသံသည် ပိုနီးကပ်လာ၏။ ရှီယန် နဲ့ ရှန်းယင်းယွီတို့သည် မတူညီသော သစ်ပင်များပေါ် ပုန်းရင်း မျက်မှောင်ကြုတ်လျက် စောင့်နေကြသည်။
ခဏအကြာတွင် ခုနထွက်ပြေးသွားခဲ့သော လက်တစ်သောင်းတစ္ဆေကြိမ်ပင် သည် ပြန်ရောက်လာခဲ့သည်။ များပြားသော နွယ်ပင်များသည် အသက်ရှင်သော ရေဘဝဲလက်များပမာ မြေပြင်ပေါ်တွင် ယိမ်းနွဲ့လှုပ်ရှားနေကြသည်။ ၎င်းကြိမ်ပင်သည် သူနေထိုင်ခဲ့ဖူးသော ဗွက်နွံအောက်၌ ပြန်ဝင်ရန် အလျင်အမြန် လုပ်နေသည်။
ရှီယန် အံ့သြသွားသည်။
ဤဂြိုဟ်ပေါ် သူ ရောက်မလာခင်၌ နတ္ထိကြယ်ဟု ခေါ်သည့် ဤရှေးဟောင်းကုန်းမြေအကြောင်း ရှန်းချန် ပြောပြသည်ကို သူ နားထောင်ခဲ့သည်။ ဤရှေးဟောင်းကုန်းမြေတွင် သက်ရှိတစ်စုံတစ်ရာ သို့မဟုတ် မျိုးနွယ်စုများ မရှိကြပါ။ ဤဂြိုဟ်ပေါ်၌ မွန်းစတားကလန် ၊ မိစ္ဆာကလန် သို့မဟုတ် လူသားကလန်လိုမျိုး ခန္ဓာကိုယ်နဲ့ သွေးသားရှိသည့် သက်ရှိတစ်ခုတစ်လေတောင် မရှိပါ။ နှစ်ပေါင်းတစ်သောင်းကြာသည့်အချိန်တိုင်း နတ္ထိကြယ်သည် ပွင့်သွားတတ်သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းသည် ထိုလူတို့ကို ပြန်ကန်ထုတ်တတ်သည်။