1167

315 46 0
                                    

Chapter 1167: ပြန်လည်ကုစားခြင်း

ရှေးဟောင်းကုန်းမြေ၏ ထောင့်တစ်နေရာ၌

ဟာဆွန် ၊ မီအာ ၊ ယွီမာန် နှင့် ချက်တာရစ်မိသားစုဝင် အချို့သည် ကြီးမားသော တောနက်ကြီးကို ဖြတ်သွားနေကြသည်။ သူတို့သည် မကြာသေးခင်ကမှ သေနိုင်သည့်ထောင်ချောက်မှ လွတ်မြောက်လာခဲ့ကြခြင်းဖြစ်သည်။

ဟာဆွန်သည် ရှီယန် တည်နေရာကို ခြေရာခံရန် အရိုးသွေးကို အသုံးပြုနေသည်။

မီအာ ၊ ယွီမာန် နဲ့ တခြားသူများသည် ပင်ပန်းနေကြသော်လည်း မညဉ်းတွားကြပါ။ ဤရှေးဟောင်းကုန်းမြေ၌ ခြေလှမ်းတစ်လှမ်းစီတိုင်းက အန္တရာယ်ရှိသည်။ ထို့အပြင် သူတို့သည် သတ်မှတ်နေရာတစ်ခုတည်း၌ နေလို့မရပေ။

ဟာဆွန်က ထိုအဖွဲ့ကို ဦးဆောင်သူဖြစ်သည်။ ရုတ်တရက် သူ့မျက်ခုံးများ ကြုတ်သွားသည်။ စဉ်းလဲယုတ်ညံ့စွာ ပြုံးလိုက်ပြီး “ငါ သူ့ကို ရှာတွေ့ပြီ”

အကုန်လုံး အားတက်သွားကြပြီး ဟာဆွန်ကို ကြည့်လိုက်ကြသည်။

“အဲ့ဒီဘက်မှာပဲ။ ငါတို့နဲ့ နည်းနည်းတော့ ဝေးနေသေးတယ်။ ဒါပေမယ့် နာရီနှစ်ဆယ်အတွင်း ငါတို့ရောက်နိုင်မယ်ဆိုတာ သေချာတယ်။ သူက သဲကန္တရမှာ ရှိနေတာ။ အဲ့နေရာက အပူကိုတောင် ငါ ခံစားမိနိုင်တယ်” ဟာဆွန်သည် ကောက်ကျစ်ယုတ်မာစွာ ပြုံးလိုက်ပြီး “ငါ့ဆီကနေ သွေးအရိုးကို လုယူဖို့ သူ ဒဏ်ရာရသွားခဲ့တယ်။ အချိန်တိုအတွင်း သူ ပြန်ကောင်းနိုင်မှာ မဟုတ်ဘူး။ ငါတို့ သူ့ကို ရှာတွေ့တာနဲ့ သူ့ကို သတ်ပြီး ချက်တာရစ်မိသားစုက သန့်စင်စစ်ထုတ်ခဲ့တဲ့ သွေးအရိုးတွေကို ငါ ပြန်ယူလိုက်မယ်”

“ဒါဆို အခု ငါတို့ စလှုပ်ရှားသင့်တယ်” မီအာသည် အေးစက်စက်မျက်နှာထားနဲ့ ရှိနေပြီး နှာခေါင်းရှုတ်လိုက်သည်။ “ဒီကောင်က ငါ့အချွေအရံတွေအများကြီး သတ်သွားခဲ့တာ။ သူက ငါ့ရဲ့ သက်တန့်ဝိဉာဉ်ပန်း နဲ့ သက်တန့်မိစ္ဆာပန်းကိုတောင် လုယူသွားခဲ့တယ်။ ငါ သူ့ကို မဖျက်ဆီးဘူးဆိုရင် အဆင်ပြေတယ်လို့ ငါ ဘယ်တော့မှ ခံစားရတော့မှာ မဟုတ်ဘူး”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now