Chapter 1017: ထိတ်လန့်စရာလျို့ဝှက်ချက်
ရေခဲနံရံကြီးအလယ်၌ ရေခဲပန်းဆွဲများ ပေါက်ကွဲသွားသည်။ ဧရာမ ဓါးနီကြီးထံမှ မကောင်းသော အရှိန်အဝါများ ဂယက်ထလာပြီး ရေခဲစွမ်းအင်အသိကို ကျင့်ကြံသော အမှောင်ရိပ်ကလန် သိုင်းသမားကို ဖုံးအုပ်လိုက်သည်။
ထိုလူကြီးသည် စိတ်ရှုပ်သွားပုံပေါ်၏။ မကြာခင်အတွင်း သူ့စိတ်သည် ဝင်နှောင့်ကျူးကျော်ခြင်းခံလိုက်ရ၏။
ရွှစ်…
သူ့နတ်ဘုရားခန္ဓာကိုယ်သည် ရက်စက်သော သွေးအလင်းတန်းတစ်ခုဖြင့် ဖြတ်ခုတ်ခံလိုက်ရသည်။ ၎င်းသည် အပိုင်းနှစ်ပိုင်းအဖြစ် ကွဲသွားပြီး လုံးဝကျိုးပျက်သွားသည်။
ထိုအချိန်၌ ရှီယန်သည် သူ့ဓားကြီးကို ကိုင်ထားရင်း တစ်စုံတစ်ခု လိုက်ရှာရန် ထိုနေရာသို့ သွားလိုက်သည်။ ကြေမွပျက်စီးနေသော ရေခဲများ၏ အလယ်၌ ထိုလူကြီး ခေါင်းပေါ်သို့ သူ့လက်ကို တင်ထားလိုက်သည်။
"ဂျွတ်…" ထိုသူ့ဦးခေါင်းခွံကွဲအက်သွားသည်။ထိန်းချုပ်နိုင်စွမ်းရှိသော စွမ်းအင်သည် ကွဲအက်သွားသော ထိုသူ့ဦးခေါင်းခွံကို ကာဆီးထားပြီး ဦးခေါင်းထဲမှ ထွက်ပြေးပျံသန်းဖို့ လုပ်နေသော သူ့ဝိဥာဉ်ယဇ်ပလ္လင်ကို ဟန့်တားလိုက်သည်။ ၎င်းသည် ထိုဦးခေါင်းခွံထဲ၌ပင် ပိတ်မိသွား၏။
သူ့နတ်ဘုရားခန္ဓာကိုယ်သည် ပျက်စီးသွားသော်လည်း သူ့မှတ်ဥာဏ်နဲ့ သိမှုတို့သည် အချိန်ခဏလေး ကျန်နေခဲ့သေးသည်။ ဝိဥာဉ်ယဇ်ပလ္လင်သည် သူ့ဦးခေါင်းခွံမှ ထွက်မသွားသေးသရွေ့ သူ့တွင် ခံစားနိုင်စွမ်းရှိသေးသည်။
မမြင်နိုင်သော ဟင်းလင်းပြင်ဓားသွားများသည် ယာဉ်တစ်စီးပမာ ထိုသူ့ခေါင်းထဲတွင် ရွေ့လျားပြီး သူ့အသိပင်လယ်ကို မိုးမခကိုင်းများ သို့မဟုတ် ချည်မျှင်စုများသဖွယ် ရှုပ်ပွနေအောင် တွန့်လိမ်စေသည်။ ထိုသို့ဖြင့် သူ့အသိဥာဏ်များကို စုစည်းလို့ မရအောင် တားဆီးထားလိုက်သည်။
ရှီယန်၏ ဝိဥာဉ်အသိအမျှင်တန်းသည် သူ့ခေါင်းထဲသို့ တိုက်ရိုက်ဝင်သွားပြီး မှတ်ဥာဏ်များတည်ရှိရာကို ရှာလိုက်သည်။