Chapter 1141: လွတ်မြောက်အကန့်အသတ်ကို မွမ်းမံခြင်း
နောက်ဆုံး၌ စီစီလျာ နှင့် ရှီယန်တို့သည် သဘောတူညီမှုရသွားကြသည်။
သိုလှောင်လက်စွပ်ကို ပွတ်သပ်နေရင်း ရှီယန် မျက်နှာက ကျေနပ်မှုအတိနှင့် ပြည့်နှက်နေသည်။ ဤရှေးဟောင်းကုန်းမြေပေါ်၌ ရှားပါးသည့်မှော်၀င်ရတနာအများအပြားက သူနှင့် ကံပါနေဟန်ရှိသည်။ ယခုအခါ သူ့ကို ဘယ်အရာများက စောင့်ဆိုင်းနေသလဲဆိုသည်ကို ရှာဖွေရန် စိတ်ထက်သန်နေမိတော့သည်။
ရှေးဟောင်းကုန်းမြေငါးခုထဲမှ တစ်ခု ဖြစ်သော်လည်း နတ္တထိကြယ်သည် တခြားလေးခုနှင့် မတူညီပါ။ ၎င်းသည် မည်သည့်သက်ရှိကိုမှ မမွေးထုတ်ပေးပါ။ သို့သော် သူ့အထဲ၌ မြေကြီးနဲ့ကောင်းကင်၏ သဘာဝထွက်ပစ္စည်းများ အများအပြား ရှိနေသည်။ ၎င်းသည် နှစ်ပေါင်းတစ်သောင်းလျှင် အမြဲတမ်း တစ်ခါ ပွင့်တတ်သည်။ ဤဂြိုဟ်သည် အဘယ်ကြောင့် ဤမျှ အသိဥာဏ်ရှိနေမှန်း ဘယ်သူကမှ မသိကြပါ။
သူ့ခြေထောက်အောက်ရှိ မြေကြီးသည် ထူးခြားသည့် သက်ရှိတစ်ခုဖြစ်နိုင်ကြောင်း စဉ်းစားမိသောအခါ ရှီယန်သည် သူ့ဇက်ပိုးပေါ်၌ ကြက်သီးမွှေးညင်းများ ထလာသည်ကို ခံစားလိုက်ရသည်။
အချိန်တိုင်း၌ အကုန်လုံးကို စောင့်ကြည့်နေသည့် မျက်လုံးတစ်စုံရှိသည့်ပမာ ခံစားရသည်။ ဤရှေးဟောင်းကုန်းမြေပေါ်၌ ခြေချသည့် သိုင်းသမားတစ်ယောက်ချင်းစီက ထိုစောင့်ကြည့်မှုကို မတိမ်းရှောင်နိုင်ကြပါ။ တစ်ချိန်တည်း၌ ဤဂြိုဟ်ကြီး၏ စိတ်ထဲ ဘာရှိနေသလဲ သို့မဟုတ် သူ ဘာတွေးနေလဲဆိုသည်ကို သူတို့ ဘယ်တော့မှ သိနိုင်ကြမှာမဟုတ်ပါ။
၎င်းသည် တကယ် စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းသည်မှာ သံသယဝင်စရာမရှိပါ။
"နင်တို့တွေ....တခြားသူနဲ့ အလဲအလှယ် လုပ်ကြပြီးပြီလား"
ရှီယန်သည် သူ့အတွေးထဲ နစ်မြုပ်နေစဉ်၌ ရှန်းယင်းယွီ လာခဲ့သည်။ သူမ မျက်နှာထက်၌ အားရကျေနပ်သည့် အပြုံးများ ရှိနေသည်။ သူမ တကယ် စိတ်ကောင်းဝင်နေသည်။