1108

324 42 0
                                    

Chapter 1108: နယ်ပယ်ငါးခု

ကြီးမားကျယ်ပြန့်သော စကြာဝဠာကြီးသည် အဆုံးမရှိဘဲ ထောင့်နားတိုင်း၌ ကွက်ကျားတည်ရှိနေကြသော ကြယ်နယ်မြေအများအပြားဖြင့် တည်ရှိနေသည်။ ကြယ်နယ်မြေတစ်ခုချင်းစီတွင် ကြယ်များ ၊ သက်ရှိကြယ်များ ၊ တွင်းထွက်ကြယ်များ ၊ သေနေသည့်ကြယ်များ ၊ နေရောင်ခြည်ဖြင့် ဖြစ်ထွန်းသည့် ကြယ်များ ၊ လများ စသည်တို့ အများအပြား ရှိကြသည်။ ၎င်းတို့သည် ကန္တာရထဲမှ သဲမှုန့်များသဖွယ် မရေမတွက်နိုင်အောင် များပြားသည်။

အဆုံးမရှိသည့် ကြယ်ပင်လယ်ကြီးထဲ၌ ကြီးစိုးခြယ်လှယ်နိုင်သော ကြယ်နယ်မြေအချို့သည် အလွန်ထင်ရှားကျော်ကြားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းသည် နေရာတိုင်း၌ ကျော်ကြားသည်။

ဒဏ္ဍာရီများအရ စကြာဝဠာကြီး စတင်တည်ရှိသည့်အခ်ျန်တွင် ၎င်းသည် ရှေးဟောင်းကုန်းမြေများကို အရင်ဆုံးမွေးထုတ်ပေးခဲ့သည်ဟု ဆိုကြသည်။ စုစုပေါင်း ရှေးဟောင်းကုန်းမြေ ငါးခု ရှိသည်။ ထိုရှေးဟောင်းကုန်းမြေငါးခုသည် ဤစကြာဝဠာထဲရှိ သက်ရှိတိုင်း၏ အစပျိုးရာအရပ်ပင်ဖြစ်သည်။ အင်အားကြီးသော မျိုးနွယ်စုအားလုံးသည် ထိုရှေးဟောင်းကုန်းမြေငါးခုမှ ဆင်းသက်လာကြခြင်းဖြစ်သည်၊

မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းသန်းချီကျော် ကြာလာသောအခါ အင်အားကြီးသည့် သက်ရှိလူသားများသည် မြေကြီးနဲ့ကောင်းကင်စွမ်းအားကို လုယူရန် ကလန် နဲ့ မျိုးနွယ်စုအများအပြားကို ဦးဆောင်ခဲ့ကြသည်။ ရှေးဟောင်းကုန်းမြေငါးခုထဲမှ လေးခုသည် ကုန်ဆုံးသွားကြပြီဖြစ်သည်။ တဖြည်းဖြည်းနဲ့ ၎င်းတို့သည် မြေကြီးနဲ့ကောင်းကင်အဖြစ်သို့ ပြန်သွားကြရသည်။

ရှေးဟောင်းကုန်းမြေတစ်ခုသာ စကြာဝဠာစတင်ချိန်ကစပြီး တူညီသည့်အခြေအနေအတိုင်း တည်ရှိနေဆဲဖြစ်သည်။ ၎င်းရှေးဟောင်းကုန်းမြေသည် ထက်မြက်ပြီး ကောက်ကျစ်စဉ်းလဲသည်။ မည်သည့်သက်ရှိကိုမဆို သည်းခံနိုင်ရန် သူ့စွမ်းအားများကို ရက်ရက်ရောရော မထုတ်လွှတ်ခဲ့ပါ။ သူမသည် အပျိုစင်တစ်ယောက်လို ကျန်နေခဲ့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Tahanan ng mga kuwento. Tumuklas ngayon